skip to content

 

နေပြည်တော်၊ မေလ(၈)ရက်။              

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိရာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာအားကစားအဖွဲ့များအား ယနေ့ နံနက် (၈)နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှု အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တ


back to top Eng