skip to content

ရန်ကုန် ၂၉ သြဂုတ် 


World Lethwei Championship  ပြိုင်ပွဲကို ဩဂုတ်၂၈ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စိုးမင်းအောင်က အာသာတီ (ဥဇဘက်ကစ္စတန်)ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။


အဆိုပါပြိုင်ပွဲ၌ ငါးချီစိန်‌ခေါ်ပွဲ ဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) တွင် စိုးမင်းအောင် (မြန်မာ) နှင့်အာသာတီ (ဥဇဘက်ကစ္စတန်)အချီပြည့် သူတစ်ပြန်ကိုယ်တစ်ပြန် ထိမိကြသော်လည်း အာသာတီကို စိုးမင်းအောင်က အမှတ်ဖြင့် အနိုင်ရရှိသွားသည်။


ထို့ပြင်ဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ၌စောဖိုးခွား (မြန်မာ) ကိုနဘီးလ်အန်နန် (အယ်လ်ဂျီးရီးယား)က အမှတ်ဖြင့်လည်းကောင်း၊ လိုက်ဝယ်လ်တာဝိတ် (၆၀ - ၆၃.၅ ကီလို)ပြိုင်ပွဲ၌နာခါ (မြန်မာ)ကို  ရှားဇော့ဒ်ကာဘူတော့ဗ် (ကာဂျစ်စတန်)ကအမှတ်ဖြင့် အနိုင်ရရှိသွားသည်။


ဖယ်သာဝိတ် (၅၄ - ၅၇ ကီလို) ပြိုင်ပွဲ၌ နာမိုဟာမက် (ဥဇဘက်ကစ္စတန်)ကို မစ်ဂ်မားဆရန်ဘိုခူး (မွန်ဂိုလီးယား)က စတုတ္ထအချီ ၂ မိနစ် ၂၀ စက္ကန့်တွင် အလဲထိုးအနိုင်ရသွားသည်။


နောက်တစ်ပွဲဖြစ်သည့် ဝယ်လ်တာဝိတ် (၆၃.၅ - ၆၇ ကီလို) ပြိုင်ပွဲ၌ တော့ဖ်ဖစ်အဗ္ဗဒူလာယက် (ဂျော်ဂျီယာ) ကို အိုမာမဟီရာ(ဘယ်လ်ဂျီယံ)၏ လက်သီး၊ ခြေကန်ချက်မြားကြောင့်  ပထမအချီ ၁ မိနစ် ၂၄ စက္ကန့်တွင် တော့ဖ်ဖစ်ကို အလဲထိုးအနိုင်ရရှိသွားသည်။


အမျိုးသမီးဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ၌ ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) နှင့်မိုင်ရှာကက်ဇ်(စပိန်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ စတုတ္ထအချီတွင် မိုက်ရှာကက်ဇ် ဆက်လက်မထိုးနိုင်၍ ဆိုရိစ်မန်ဖရက်ဒီအနိုင် ရရှိသွားသည်။


မစ်ဒယ်ဝိတ် (၇၁ - ၇၅ ကီလို) ငါး ချီပြိုင်ပွဲတွင် ခရစ္စတော့ဖ်ကက်ရှ် (ဂျာမနီ) နှင့် ဂလီဂေါစတိုယာနော့ဗ် (ဆွစ်ဇာလန်)တို့ သူတင်ကိုယ်တင် အချီပြည့်ထိုးခဲ့ရာ အမှတ်ပေးဆုံးဖြတ်ချက်အရ ၃-၀ ဖြင့် ခရစ္စတော့ဖ်ရှ် အနိုင်ရသွားသည်။


အာကာစိုး


back to top Eng