skip to content

၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၁၇)ရက်။          

Olympic council of Asia၏ (၃၉)ကြိမ်မြောက် General Assembly အစည်းအဝေးကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့ အိုမန်နိုင်ငံ၊ Muscatမြို့တွင် ဒေသစံတော်ချိန် (၁၀)နာရီ၊ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊  မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးအဖွဲ့၊ Senior Official Meeting of Sports Unit ရုံးအဖွဲ့တို့မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပြီး အိုမန်နိုင်ငံ၊ Muscatမြို့ မြန်မာနိုင်ငံ အိုလံကော်မတီ ကိုယ်စားပြု ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးကိုယ်စားလှယ်သံမှူးကြီး ဦးကျော်ညွှန့်လွင်တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအထွေထွေညီလာခံတွင် International Olympic Committee ဥက္ကဌ Dr.Thomas Bach မှ အမှာစကားပြောကြားရာတွင် ကြွရောက်လာကြသော OCAအဖွဲ့ဝင် နိုင်ငံအသီးသီးကို မင်္ဂလာပါဟု နှုတ်ခွန်းဆက်သပါကြောင်း၊ ယခု ၂၀၂၀ပြည့်နှစ်သည် ကမ္ဘာသူ၊ ကမ္ဘာသားများအတွက် ခက်ခဲကြပ်တည်းသော နှစ်တစ်နှစ်ဖြစ်သော်လည်း မိမိတို့ အားလုံး စည်းလုံးညီညွတ်စွာ ဖြတ်ကျော်ရမည်ဖြစ်ပါကြောင်း၊ covil-19 Pandemic ကာလအတွင်း မိမိတို့ International Olympic Committee(IOC)နှင့် World Health Organization (WHO)တို့ ပူးပေါင်း၍ ကမ္ဘာသူ/ကမ္ဘာသားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ကြရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ Tokyo 2020 Organizing Committee ၊ဂျပန်နိုင်ငံအားကစားအဖွဲ့အစည်းများနှင့် ဂျပန်ပြည်သူလူထုကိုလဲ ယခုCovid-19ကာလ အခက်အခဲများကြား၌ ကြံ့ကြံ့ခိုင်၍ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေး ရည်ရွယ်ချက်ကို လက်မလျော့ဘဲ လုပ်ဆောင်နေမှုများကို မိမိတို့ အားလုံးက လှိုက်လှဲစွာ အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍ ကျင်းပကြမည်ဖြစ်သော နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲများ ဖြစ်သည့် Paris 2024၊ Los Angeles 2028 နှင့် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲများဖြစ်သည့် Beijing 2022၊ Milano-Cortina 2026 ပြိုင်ပွဲတို့ကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ covid-19ကာလ နှင့် Covid-19 အလွန်ကာလများတွင် မိမိတို့အားလုံးသည် New Normal လူနေမှုပုံစံ အသားကျအောင် နေထိုင်ကြမည် ဖြစ်သောကြောင့် ကျန်းမာကြံ့ခိုင်စွာ နေထိုင်နိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် များစွာအရေးပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Olympic Council of Asia ၏ ဥက္ကဌဖြစ်သူ Shiekh Ah-mad AI-Fahad AI-Sabahမှ ပြောကြားရာတွင် Covid-19 Pandemic ကပ်ရောဂါကြောင့် Tokyo 2020 Olympic Games ပြိုင်ပွဲကြီးကို ရွှေ့ဆိုင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝှမ်းရှိ အားကစားဆိုင်ရာ လှုပ်ရှားမှုများ ရပ်တန့်ခဲ့ရသဖြင့် မိမိတို့အားလုံး စိန်ခေါ်မှု အသစ်များ၊ လူနေမှုပုံစံ အသစ်များဖြင့် ကြုံတွေ့စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ 2030 Asian Games ကျင်းပမည့် အိမ်ရှင်နိုင်ငံ ရွေးချယ်ရေးအတွက် OCA Rules Committee၏ သဘောတူညီချက်နှင့်အညီ OCAအဖွဲ့ဝင်နိုင်ငံ (၄၅)နိုင်ငံမှ ယခုညီလာခံသို့ NOC အသီးသီး၏ ကိုယ်စားလှယ်အဖြစ် လူကိုယ်တိုင်သော်လည်းကောင်း၊ Online အဖြစ် သော်လည်းကောင်း ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ 2030 Asian Games အတွက် အိမ်ရှင်နိုင်ငံအဖြစ် ကာတာနိုင်ငံ၊ဒိုဟာမြို့နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ရီယတ်ဒ်မြို့တို့အနက်မှ တစ်နိုင်ငံအား ရွေးချယ်နိုင်ရေးအတွက် OCAအဖွဲ့ဝင်နိုင်ငံ (၄၅)နိုင်ငံများမှ အသီးသီးဆန္ဒမဲပေးခဲ့ကြပြီး 2030 Asian Games ကျင်းပရန် အိမ်ရှင်နိုင်ငံအဖြစ် ကာတာနိုင်ငံ၊ ဒိုဟာမြို့ အရွေးချယ်ခံခဲ့ရပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့ အနေဖြင့်2034 Asian Gamesအား လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း ကြေညာခဲ့ပါသည်။

2025 Asian Youth Games ပြိုင်ပွဲဖြင့် စပ်လျဉ်း၍ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တက်ရှ်ခန့်မြို့အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အတည်ပြု လက်မှတ်ရေးထိုး၍ လည်းကောင်း၊ (၂.၄.၂၀၂၁)ရက်နေ့မှ (၁၀.၄.၂၀၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Sanya 6th Beach Games ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုကို ၎င်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ရှင်းလင်း ပြောကြား၍လည်းကောင်း၊ (၂၀.၁၁.၂၀၂၁)ရက်နေ့မှ (၂၈.၁၁.၂၀၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Shantou 3rd Asian Youth Games ဖြင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ထားရှိမှုကို ၎င်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ရှင်းလင်း ပြောကြား၍ လည်းကောင်း၊ (၁၀.၉.၂၀၂၂)ရက်နေ့မှ (၂၅.၉.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Hangzhou 19th Asian Games ပြိုင်ပွဲဖြင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှုကို ၎င်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ရှင်းလင်းပြောကြား၍ လည်းကောင်း၊ (၂၁.၅.၂၀၂၁) ရက်နေ့မှ (၃၀.၅.၂၀၂၁)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Thailand 6th Asian Indoor and Mortial Arts Games ပြိုင်ပွဲဖြစ် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားမှုများကို ၎င်းပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ရှင်းလင်းပြောကြား၍ အသီးသီး တင်ပြခဲ့ပါသည်။

ထို့နောက် Olympic Council of Asia (OCA)၏ ဒုတိယဥက္ကဌများ ဖြစ်ကြသည့် ဇုံအလိုက်တာဝန်ခံ (၅)ဦးမှ ဇုံအလိုက် အားကစားဆောင်ရွက်နေမှုများအား တင်ပြခြင်း၊ Standing Committee အသီးသီးမှ ဆောင်ရွက်ချက်များအား တင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့အား ပြုလုပ်၍ 39th ကြိမ်မြောက် OCA General Assembly အား ရုပ်သိမ်းခဲ့သည်။

        


back to top Eng