skip to content
နေပြည်တော်၊ ဒီဇင်ဘာလ(၂၃)ရက်။
 
EIM Myanmar National Technical Committee ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး EIM Myanmar Technical Committee ဥက္ကဌ ဒေါက်တာမြလေးစိန်၊ EIM Myanmar Technical Committee အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြသည်။
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး EIM Myanmar Technical Committee ဥက္ကဌ ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုကိုတွေ့ရှိရသဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM) အစီအစဉ်သည် ပြည်သူများအတွက် အဖိုးနည်းဝန်ပါဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ကိုယ်ခံအားစနစ်(Immune system) တိုးတက်ကောင်းမွန်စေသော ဆောင်ရွက်ချက်ဖြစ်ပါသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (EIM)ဆက်စပ်သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်ပါကြောင်း၊ လူမှုနေထိုင်မှုပုံစံသစ် (New normal life)တွင် ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သည့်ပံ့ပိုးကူညီထောက်ပံ့မှုများကို ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးကိုတက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
 
ထို့နောက် EIM Myanmar Technical Committee အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင်မှ EIM Myanmar National Center နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ACSM သို့ (EIM Myanmar National Center Annual Report Draft) နှစ်ပတ်လည်အစီအရင်ခံစာ မူကြမ်းနှင့်ပတ်သက်၍ တင်ပြဆွေးနွေးမည့် အကြောင်းအရာ များ၊ (၆၇)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်များအသင်းညီလာခံတွင် တင်ပြဆွေးနွေးမည့် Symposium on EIM: Exercise Prescription for Health စီစဉ်ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ Health Care providers နှင့် Health Fitness Professionals များသို့ သင်တန်းများပို့ချမည့်အစီအစဉ်များ အားလည်းကောင်း၊ အစည်းအဝေးများ၊ အခမ်းအနားများ၊ ဆွေးနွေးပွဲများတွင် EIM အစီအစဉ်များ ထည့်သွင်းအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာအစီစဉ် အစရှိသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ကော်မတီဝင်များမှ EIM နှင့်ပတ်သက်သော (Strategic plan) များရေးဆွဲ အကောင်အထည်ဖော်ချမှတ် ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စများ၊အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်မည့်ကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး အကြံပြုတင်ပြဆွေးနွေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

 


back to top Eng