skip to content

ရန်ကုန် ၂၄ နို၀င်ဘာ


The 13th World Taekwondo Culture Expo Online Poomsae Competition ပြိုင်ပွဲကို နို၀င်ဘာ ၂၂ ရက်၊ ၂၃ ရက်တို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ရွေတစ်၊ ငွေတစ်၊ ကြေးနှစ်ခုနှင့် အကောင်းဆုံးဆုများ ရရှိခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းမှ စီနီယာအဆင့် အသက် ၂၀ မှ ၅၀ ထိ ငါးယောက်တွဲတွင် ပထမ ထိုင်း၊ ဒုတိယ ကိုးရီယား၊ မြန်မာမှ ဆန်းရှိန်သက်၊ ချောကလျာဝင်း၊ ဘုန်းသက်နိုင်၊ ကောင်းထက်လွင်၊ ချစ်ပိုကျော်(MYA)အတွဲက ကြေးတံဆိပ်ကိုလည်းကောင်း၊ Primary school အဆင့် သုံးယောက်တွဲတွင် မြန်မာမှ ဟိန်းခန့်ကျော်၊ အောင်မြင့်မြတ်ဝင်း၊ ထူးလရောင် (MYA အောင်ဆန်းကလပ်)မှ ပထမ၊ လင်းလွန်းတံခွန်၊ ဘုန်းသစ်ကျော်၊ ဘုန်းထွဋ်အောင် (MYA အောင်ဆန်းကလပ်)မှ ဒုတိယ၊ ပူးတွဲတတိယ မြန်မာမှ အောင်မင်းဦး၊ ဝင့်သင်္ဂီထွန်း၊ ပိုင်ဟိန်းဆက် (MYA Dragonကလပ်)နှင့် ကိုးရီယားအသင်းတို့ အသီးသီးရရှိခဲ့ကြပြီး အမျိုးသမီး ဂျုနီယာအဆင့်တွင် အကောင်းဆုံးယှဥ်ပြိုင်ဆုအား ရတနာအောင်၊ နော်ဧပရယ်ရှီး၊ ဝဿန်မိုး၊ လင်းလက်ကြယ်ဖြူ၊ ထူးသဉ္ဇာအောင် (MYA အောင်ဆန်းကလပ်) အသင်းတို့မှ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲတွင် ကမ္ဘာ့အဖွဲ့ချုပ်အသင်းဝင် နိုင်ငံပေါင်း ၂၀၈ နိုင်ငံ ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။


အာကာစိုး

Credit: Myanmat Digital News


back to top Eng