skip to content

နေပြည်တော်၊ ဇွန်လ(၂၃)ရက်။        ။

၂၀၂၁ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ အိုလံပစ်အဖွဲ့ဝင်နိုင်ငံများအားလုံးသည် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှုကို အသီးသီးပြုလုပ်ကြပါ သည်။ ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်းတွင်လည်း အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးတွင် အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ နေ့ချင်းပြီး ကျင်းပလျက်ရှိပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၆)နာရီမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု ဆုများချီးမြှင့်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်သော ပြေးခုန်ပစ်ပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခဲ့ရာ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ (ကျား/မ)၊ မီတာ ၃၀၀၀(မ)၊ အမြင့်ခုန်(ကျား)၊ မီတာ၂၀၀၀(ကျား/မ)၊ လှံတံပစ်(ကျား/မ) ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအပြီးဆုရရှိသော အားကစားသမားများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများမှ ဆုများကိုချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗိုဗီနမ်အားကစားရုံသို့ရောက်ရှိလာပြီး ဗိုဗီနမ် အုပ်စုလိုက်သရုပ်ပြပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲအပြီး ဆုရရှိသော အားကစားသမားများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ ဦးဇော်ဝင်းထွဋ်တို့မှ ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ တိုက်ကွမ်ဒိုအားကစားရုံသို့ရောက်ရှိလာပြီး တိုက်ကွမ်ဒိုတစ်ဦးချင်း သရုပ်ပြပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုရရှိသော အားကစားသမားများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်းသို့ရောက်ရှိလာပြီး မြားပစ်အားကစားနည်းမှ တစ်ဦးချင်း Compound(ကျား/မ)ပြိုင်ပွဲ၊ တစ်ဦးချင်း Recurve (ကျား/မ) ပြိုင်ပွဲ၊ Mix Team Compound ပြိုင်ပွဲ၊ Mix Team Recurve ပြိုင်ပွဲများယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ပြိုင်ပွဲများကို ဆက်လက်ကြည့်ရှု အားပေးရာ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်သော ဂျူဒိုတစ်ဦးချင်း အတိုက်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပါသည်။ ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

                              

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပိုက်ကျော်ခြင်းအားကစားရုံသို့ရောက်ရှိလာပြီး ပိုက်ကျော်ခြင်းလေးယောက်တွဲ(ကျား/မ)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပါသည်။ ပြိုင်ပွဲအပြီး   ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံသို့‌ရောက်ရှိလာပြီး လက်ဝှေ့ပြိုင်ပွဲအဖြစ် ကျား(၆၄၊ ၅၈၊ ၅၂) ကီလိုတန်းများနှင့် မ(၅၇၊ ၅၁) ကီလိုတန်းများ ယှဉ်ပြိုင် ထိုးသတ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။     

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိပီတန်းအားကစားရုံသို့ရောက်ရှိလာပြီး ပီတန်းအားကစားနည်းမှ တစ်ဦးချင်း Shooting(ကျား/မ) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။ 

 

 


back to top Eng