skip to content

၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပွဲ နှင့် အပြည်ပြည်ဆိုင်ရာ အားကစားပွဲများအတွက်အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်အနေဖြင့် ကိုရီးယား နည်းပြချုပ် Mr Yum Byung Sun ဦးစီးလျက် အဆင့်မြင့် မြားပစ်နည်းပြ မွန်းမံသင်တန်း (၁/၂၀၂၀) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ် သွားရန်ကြိုတင်စီစဉ် လျက်ရှိပါသည်။

အဆိုပါ အဆင့်မြင့် မြားပစ်နည်းပြ မွန်းမံ သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန သို့ တင်ပြထားပြီး ၊ လမ်းညွှန်မှုများရရှိပါက ဇူလိုင်လ ၁၇ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန် နှင့်မန္တလေး မှ မြားပစ်နည်းပြတာဝန်ထမ်းဆောင်လျက်ရှိသော နည်းပြ ဆရာ/ဆရာမ (၁၂) ဦး တက်ရောက်မည်ဖြစ်ပါသည်။

back to top Eng