နေပြည်တော်၊ဇန်နဝါရီလ(၁၂)ရက်။
ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၂၀) ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြာရေးမှူး ချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သော အစည်းအဝေးသည် ပညာရေးဝန်ကြီးဌာနမှ ညှိနှိုင်းအကူအညီတောင်းခံလာမှုအပေါ် မိမိတို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရေးအတွက် အဖွဲ့ချုပ်များ၏ အားကစားသမားများ စခန်း သွင်းလေ့ကျင့်မှုများအတွက် ညှိနှိုင်းကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့ချုပ် များအနေဖြင့် အမှန်တကယ် အောင်မြင်မှုရှိနိုင်သော၊ ကျစ်လစ်ထိရောက်သော အားကစားသမား စုဖွဲ့မှုကို ပြုလုပ်ရန်အထူးလိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်လျာထားမှုဖြင့် ပြုလုပ်ဆောင်ရွက်ရသော်လည်း မိမိတို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးကူညီရသဖြင့် ယခုအစည်းအဝေးမှ တင်ပြုချက်များကို ညွှန်ကြားရေးမှူးချုပ်ထံသို့ ဆက်လက်တင်ပြပြီး ပညာရေး ဝန်ကြီးဌာနဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် စခန်းသွင်း ခွင့်ပြုချက်မရမီအချိန်တွင် မိမိတို့၏ သက်ဆိုင်ရာအဖွဲ့ချုပ်များအနေဖြင့် အားကစားသမားကို Online Training၊ Self Training များ ကို ကြိုတင် ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ထိုမှသာ ၂၀၂၁ ဇွန်လတွင် ကျင်းပပြုလုပ်မည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ချိန် ပိုမိုရရှိနိုင် မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ တင်ပြဆွေးနွေးရာတွင် (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် မိခင်ဌာနမဟုတ်သော်လည်း ပညာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ယခု ကတည်းက စခန်းသွင်းဝင်ရောက်လေ့ကျင့်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရပါကြောင်း၊ အဖွဲ့ချုပ်များ ထံသို့ အာဆီယံတက္ကသိုလ်ပြိုင်ပွဲ အားကစားအမျိုးအစားများ၊ စည်းမျဉ်းစည်းကမ်းများစာအုပ်ကို ပေးပို့ပြီးဖြစ်ပါကြောင်း၊ ထိုပြိုင်ပွဲအမျိုးအစားများအပေါ် အခြေခံပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် စခန်းသွင်းအားကစားသမားရွေးချယ်မှု ကြိုတင်တွက်ဆပေးပို့ရန်လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ တင်ပြဆွေးနွေးရာတွင် အားကစားအဖွဲ့ချုပ်များထံသို့ (၆.၃.၂၀၂၀)ရက်စွဲပါဖြင့် အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကစားဖူးသူများ၊ အသက်ကန့်သတ်ချက်နှင့် ကိုက် ညီသူများ၊ ယခုလက်ရှိ ဝင်ရောက်ယှဉ်ပြိုင်ကစားရန် အရည်အချင်းပြည့်မီသူများ၊ ဝင်ရောက်ယှဉ်ပြိုင် မည့် ကစားသမားများ တက်ရောက်နေသော တက္ကသိုလ်များကို ပေးပို့ရန် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ထိုအချက်အလက်များကို အခြေခံ၍ အမှန်တကယ်စခန်းသွင်းဝင်ရောက်လေ့ကျင့်နိုင် မည့် အားကစားသမားများစာရင်းကို ပေးပို့ရန်လိုအပ်ပါကြောင်း၊ ထိုမှသာ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူထိရောက်ပြီး Covid-19 စည်းကမ်းချက်များနှင့် ညီညွတ်သော စခန်းသွင်းလေ့ကျင့်မှုကို ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထက်ဝေမှ တင်ပြဆွေးနွေးရာတွင် အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရာတွင် Covid-19 စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ရန်အဓိကလိုအပ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်ရေးစခန်းတွင် ဦးစွာ Covid-19 စစ်ဆေးခြင်းဖြင့် (Clean Zone) တစ်ခုကို ဖန်တီးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနခွဲ အနေဖြင့် စခန်းသွင်းလေ့ကျင့်ရေးအတွက် (Standard Operating Procedure) စံသတ်မှတ်ချက် ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ဆေးအထောက်အကူပြုရေးအတွက်လည်း ယခင်အတွေ့အကြုံများကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
တက်ရောက်လာကြသော (မြှားပစ်၊ ဘောလုံး၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ဝူးရှူး) အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများမှ (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမား အခြေအနေများ၊ လူရွေးချယ်မှုအခြေအနေ များ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် ကိုယ်ပိုင်လေ့ကျင့်ခန်း ပြုလုပ်မှုအခြေအနေများ၊ စခန်း သွင်းလေ့ကျင့်ရာတွင် ထောက်ပံ့ပေးရမည့်အချက်များ၊ အဖွဲ့ချုပ်များမှ ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများ အစရှိသည်တို့ကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အလိုက် အသီးသီးတင်ပြခဲ့သည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ် ပြောကြားရာတွင် အားကစားအဖွဲ့ချုပ်များအနေဖြင့် သက်ဆိုင်ရာ အားကစားနည်း အမျိုးအစားများ တွင် အမှန်တကယ် ဆုရရှိနိုင်ပြီး ပြိုင်ပွဲဝင်နိုင်ရန် သတ်မှတ်ချက်အရည်အချင်းများနှင့် ပြည့်မီရန် လို အပ်ပြီး စခန်းသွင်းလေ့ကျင့်မှုကို လိုက်ပါဆောင်ရွက်နိုင်မည့် အားကစားသမားများကို စီစစ်ရွေးချယ် ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲအချိန် အမှန်တကယ်နီးကပ်နေပြီးဖြစ်၍ အနည်းဆုံးလူဦးရေနှင့် ထိရောက်အောင်မြင်မှုရရှိရန် အလားလာကောင်းသော သူမျိုးကို ရွေးချယ်ရန်လိုအပ်ပါကြောင်း၊ ယခင် ပြိုင်ပွဲဝင်ရောက်ရသော အခြေအနေနှင့် ယခုအခြေအနေတို့သည် ကွာခြားမှုများရှိ၍ စခန်းသွင်း ဝင်ရောက်မည့် အင်အားစာရင်းကို အမြန်ဆုံးပေးပို့ရန် လိုအပ်ပါကြောင်း၊ Covid 19 ကော်မတီ၏ စခန်းသွင်း ခွင့်ပြုချက်ရရှိပါက လိုအပ်ချက်များကို ထောက်ပံ့ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ မိမိတို့ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အကူအညီတောင်းခံလာ၍ အဖွဲ့ချုပ်များအနေဖြင့်လည်း အစွမ်းကုန်ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပြော ကြားခဲ့သည်။