skip to content
 
နေပြည်တော် ၊ ဇန်နဝါရီလ(၂၁)ရက် ။
 
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာတစ်ခု အဖြစ် အားကစား၏တန်ဖိုးများကို အသုံးချရေးဆိုင်ရာ ပထမအကြိမ် United Nations Office of Counter-Terrorism (UNOCT) United Nations Interregional Crime and Justice Research Institute (UNICRI)I United Nations Alliance of Civilizations (UNAOC) International Centre for Sport Security (ICSS) UN Counter Terrorism Committee Executive Directorate (CTED) နှင့် INTERPOL တို့မှ ဦးဆောင်၍ (၂၁.၁.၂၀၂၁)ရက်နေ့၊ အရှေ့ပိုင်းစံတော်ချိန် နံနက်(၁၀:၀၀) နာရီမှ နေ့လည် (၁၂:၀၀ ) နာရီအထိ (မြန်မာစံတော်ချိန် ည ၉:၃၀-၁၁:၃၀) Video Conferencing (Virtual Meeting)အဖြစ် အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် (UNAOC)မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ (MC) အဖြစ်ဆောင်ရွက်ကာ အားကစားကဏ္ဍ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍ၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒတိုက်ဖျက်ရေးကဏ္ဍတို့တွင် အတွေ့အကြုံရှိကြသော တိုက်ကြီး (၅)တိုက် ၊ နိုင်ငံပေါင်း (၃၈ ) နိုင်ငံမှ လူငယ်ခေါင်းဆောင် အမျိုးသား(၂၆)ဦး၊ အမျိုးသမီး (၂၄) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးမှ National Focal Point များတက်ရောက်ခဲ့သည်။ 
 
ဖော်ပြပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှတာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးခွန်ဂျာအောင် ၊ ဦးကျော်ဇင်မိုး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့သည် ။ 
 
ဆက်လက်၍ အဆိုပါအစည်းအဝေး၌ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို ကာကွယ် တားဆီးရန်အတွက် အားကစားကဏ္ဍ၏ တန်ဖိုးများကို တိုးမြှင့်ပေးရန်နှင့် လူငယ်များ၏ အဓိပ္ပါယ် ပြည့်ဝသော၊ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တက် ရောက်လာသော လူငယ်များသည် National Focal Point Network နှင့် အကျိုးရှိရှိချိတ်ဆက်ကာ ဆောင်ရွက်နိုင်ရန်၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်းများကို ကိုယ်စားပြု၍ ကုလသမဂ္ဂ၏ ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ်များတွင် မူဘောင်အတွင်းမှ ချိတ်ဆက်ဆောင်ရွက်ရန် လူငယ်များအနေဖြင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် ထိရောက်မှုရှိစေရန်နှင့် ၎င်းတို့၏ ရေရှည်လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ရာတွင် တိုးတက်အောင်မြင်မှုရှိစေရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

back to top Eng