skip to content

စက်တင်ဘာ ၃၀ ရက် တောင်ကြီး။      ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ယနေ့(၁၈:၀၅)နာရီအချိန်တွင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် ၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ တို့လိုက်ပါလျက် ပြည်နယ်အားကစားကွင်းအတွင်းရှိ ဂိုးစကိုးလ်ဘုတ်( LED )တပ်ဆင်ထားရှိမှု့ ၊ အသံစနစ် ( Sound System )တပ်ဆင်ထားရှိမှု့ ၊ လုံခြုံရေးကင်မရာ ( CCTV )များတပ်ဆင်ထားရှိမှု့ ၊ ပြိုင်ပွဲကျင်းပရေးအခန်းများ ၊ ကစားသမား နားနေခန်းများနှင့် အားကစားကွင်း သန့်ရှင်းမှု့များအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ထပ်မံပြင်ဆင်နိုင်ရေးတို့အတွက် ဖြည့်စွက် လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရှိရပါသည်။


 


back to top Eng