နေပြည်တော်၊ အောက်တိုဘာလ(၂)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ နေထိုင်ကြသော ဝန်ထမ်းများ၊ မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအပြင် အခြားဝန်ကြီးဌာန(8)ခုမှ လာရောက်နေထိုင်ကြသောဝန်ထမ်းများ Covid-19 ရောဂါ ကင်းရှင်းမှု ရှိစေရေးအတွက် ယနေ့မနက် (၈)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ အခြားဝန်ကြီးဌာန(၈)ခုမှ ဝန်ထမ်းများ ကိုCovid-19ရောဂါ ရှိ/မရှိကိုကျန်းမာရေးဝနကြီးဌာနမှ ဝန်ထမ်းများ RDTစနစ်ဖြင့်လာရောက်ကူညီစစ်ဆေးပေးနေမှုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရှိရပါသည် ။