နေပြည်တော်၊ အောက်တိုဘာလ(၁)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးကြီးကြပ်ခဲ့ပါသည်။