Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ(၂၅)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီးမှ ဆုံမဩဝါဒ လမ်းညွှန်စကားပြောကြားခြင်း အခမ်းအနားကို ကိုဗစ်-၁၉သတ်မှတ်ချက်များနှင့်အညီ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင် နှင့်ညွှန်ကြားရေးမှူးများ၊ ရာထူးတိုးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ တက်ရောက်ကြပါသည်။
ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဝန်ထမ်းများ တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်
ယခုရာထူးတိုးမြှင့်ခြင်းခံယူသူများသည် ပြည်ထောင်စုဝန်ကြီး လက်ထက်တွင် ပထမဦးဆုံး တိုးမြှင့်ခံရသူများဖြစ်ပါကြောင်း၊
ဝန်ကြီးဌာန၏ ရာထူးတိုး ဘုတ်အဖွဲ့များအား ရာထူးတိုးမြှင့်ရာတွင် ဝန်ထမ်းများ၏ ရသင့်ရထိုက်သူများအား သေချာစီစစ်၍ နစ်နာမှုမရှိစေရေး ကျောသား၊ ရင်သားမခွဲခြားပဲ လုပ်ငန်းအပေါ် အမှန်တကယ်ကြိုးစားဆောင်ရွက်သူများကို ရွေးချယ်ပေးနိုင်ရေး လမ်းညွှန်ထားပါကြောင်း၊
ယခုရာထူးတိုးသူများသည် ထိုက်သင့်သောအရည်အသွေးများကိုပိုင်ဆိုင်၍ အဆင့်တိုးမြင့်ရရှိသူဖြစ်သည်ဟုမှတ်ယူထားပါကြောင်း
၊ ဝန်ထမ်းများအနေနှင့် ပေးအပ်သော တာဝန်လုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှု၊ တစ်ဦးချင်းရိုးသားမှု၊ လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် လုပ်ရည်ကိုင်ရည် အရည်အချင်းပေါ်မူတည်၍ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေနှင့် အချို့နေရာဒေသများသည် လုံခြုံရေးအရ သွားလာမှု ခက်ခဲနိုင်သဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပြန်လည်တွဲဘက်သူများရှိပါကြောင်း၊
ဝန်ထမ်းများသည် ဝန်ထမ်း၏မူလတာဝန်ကိုသာ ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ထားသော လစာ၊ စရိတ် ချီးမြှင့်မှုများကို ရယူထားရှိပြီဖြစ်၍ နိုင်ငံတော်သို့ တာဝန်ကျေမှု၊ သစ္စာရှိမှု၊ စည်းကမ်းရှိမှု၊ စည်းလုံးညီညွတ်မှုဖြင့် ပြန်လည်ပေးဆပ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ မူလတာဝန်မှာ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ယခုအခါ လူငယ်များအား အတွေးအခေါ်၊ ခံယူချက်၊ စိတ်ဓာတ်ကောင်းမွန်စေရေးအတွက် အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များအား လက်တွဲခေါ်ယူကာ နိုင်ငံတော်အတွင်း တစ်တပ်တစ်အား နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်၍ ကျန်းမားရေးကို အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေနှင့် ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ ဟူ၍ခံယူကာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊
အားကစားဝန်ထမ်းများဖြစ်ကြသည့်အတွက် ကျန်းမာရေး အထူးအလေးထားနေထိုင် ဆောင်ရွက်ပြီး ပြည်သူများ စံပြအဖြစ် ကျန်းမာရေး ကောင်းမွန်သူဖြစ်ကြရန် လိုအပ်ပါကြောင်း၊
ဒေသအသီးသီး၌ တာဝန်ထမ်းဆောင်ကြရာတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိရန် အထူးလိုအပ်ပြီး ထို့မှသာ ခေါင်းဆောင်မှုကိုရရှိပြီး အားကစားကဏ္ဍကို ဦးဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရာထူးတိုးမြှင့်ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ကြရာတွင် မိမိကိုယ်ကိုယ် မန်မာနမထားဘဲ "ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု" စသည့်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးကြရန်လိုအပ်ပါကြောင်း၊ မိမိလက်အောက်ဝန်ထမ်းများကို မိမိတို့၏ ရင်သွေးသား/သမီး၊ ညီအကိုမောင်နှမသဖွယ် သဘောထားဆက်ဆံကြရန် လိုအပ်ပြီး မိမိလက်အောက်ဝန်ထမ်းများ၏ နှလုံးသားမှ လက်ခံနိုင်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊
ပြည်ထောင်စုဝန်ကြီးအနေနှင့်လဲ လုပ်ငန်းနှင့် ပတ်သက်၍ မည်သူများခွဲခြားဆက်ဆံခြင်းမရှိဘဲ ကြိုးစားသူအားအသိအမှတ်ပြု အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ပြီး လုပ်ငန်းအားနည်းသူများမှ လုပ်ငန်းနှင့် ပတ်သက်၍ ထပ်မံကြိုးစားပြုပြင်လာစေရန် ကြိုတင်သတိပေးခြင်းများ ဆောင်ရွက်ထားရှိပါကြောင်း၊
ဝန်ထမ်းများ ဘယ်နေရာရောက်ရောက် တာဝန်ထမ်းဆောင်ရာတွင် ရရှိသည့်အချိန်တိုင်း စာဖတ်ကြရန်လိုအပ်ပါကြောင်း၊ တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ အသိပညာအတတ်ပညာတို့မှ ရရှိစေရေး စာဖတ်ကြရမည်ဖြစ်ပြီး အားကစားဝန်ထမ်းများဖြစ်ကြသည်နှင့်အညီ တိုးတက်လာသော အားကစားနည်းစနစ်များကို အထူးလေ့လာကြရမည်ဖြစ်ပြီး မိမိ၏ လုပ်ငန်းနှင့် ပတ်သက်သည့် ဝမ်းစာအမြဲတမ်းနေရမည် ဖြစ်ပါကြောင်း၊
အထူးသဖြင့် အားကစားကဏ္ဍကို နိုင်ငံတော်မှ အထူးအလေးထား အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံအဝှမ်းရှိ အားကစားကွင်း/အားကစားရုံများကိုလည်း တိုးချဲ့ပြုပြင် ခေတ်မှီအောင် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ အားကစားဝန်ထမ်းများအနေနှင့် အထူးကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အားကစားကဏ္ဍတိုးတက်လာမှာ သေချာပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများ ကာယ၊ ဉာဏ၊ စွမ်းအား ရှိသူများ ကြိုးစားဆောင်ရွက်စေလိုကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့်အတူ ရင်းနှီးစွာ နေ့လည်စာ သုံးဆောင်ခဲ့ကြောင်းသိရှိရပါသည်။
3 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display