Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ တည်ဆောက်ရေးစီမံကိန်းများ အချိတ်အဆက်မိမိ ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ဇန်နဝါရီလ(၁၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ တည်ဆောက်ရေးစီမံကိန်းများ အချိတ်အဆက်မိမိရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်(၉)နာရီအချိန်၌ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ဌာနခွဲညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသည် ဒုတိယဝန်ကြီး၏ဦးဆောင်လမ်းညွှန်မှုဖြင့် ပြုလုပ်ခဲ့သည့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်စီမံကိန်းရေးဆွဲခြင်းအပေါ် ဌာနခွဲအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အားကစားသိပ္ပံကျောင်းများမှ အမှန်တကယ်လက်တွေ့ လိုက်ပါဆောင်ရွက်ရမည့် အချက်များ၊ ပြည်နယ်နှင့်တိုင်းများတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီညီ ရေရှည် ဆောင်ရွက်ရမည့်အချက်များ၊ သဘောသဘာဝများကို အချက်အလက်မိမိ အခြေခံ၍ ခိုင်မာသည့် စီမံကိန်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီး လမ်းညွှန်ချက်ဖြင့် ထိုစီမံကိန်းရေးဆွဲအကောင် အထည်ဖော်ခြင်းနှင့်ပတ်သက်၍ မိမိမှဥက္ကဌဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)မှ အတွင်းရေးမှူးဖြင့်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများမှ အဖွဲ့အဝင်ဖြင့် ကော်မတီအဖွဲ့အစည်းဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားသိပ္ပံကျောင်းများ၊ ဌာနခွဲများအလိုက် အပိုင်း(၃)ပိုင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခင်ရေးဆွဲခဲ့သော စီမံကိန်းများအပေါ် အခြေခံပြီး မြေပြင်တွင် အမှန်တကယ်ထိရောက်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုများ၊ တိကျသောလုပ်ငန်း အကောင်အထည်ဖော်မှု အချိန်ဇယားများပါ ထည့်သွင်းသွား ရမည်ဖြစ်ပါကြောင်း၊ ခေတ်ကာလနှင့်လျော်ညီသော လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားထားပြီး သက်ဆိုင်ရာဘတ်ဂျက်နှစ်အလိုက်၊ လုပ်ငန်းဆောင်ရွက်အကောင်အထည်ဖော်ပြီးမြေက်မှု လျာထားချက်အလိုက် အချိတ်အဆက်မိမိ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရေးဆွဲဆောင်ရွက်ခြင်းကို သက်မှတ်ချက်အချိန်အတွင်း ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တင်ပြဆွေးနွေးရာတွင် မိမိတို့ ဌာနအနေဖြင့် စီမံကိန်း(၄)ကြိမ်ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပထမအကြိမ် ၂၀၀၁ခုနှစ်တွင်လည်း ကောင်း၊ ဒုတိယအကြိမ် ၂၀၁၁ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် နိုင်ငံခြားသားပညာရှင်မှ National sports plan ရေးဆွဲ၍လည်းကောင်း၊ စတုတ္ထအကြိမ် ၂၀၁၇ခုနှစ်တွင်လည်း ကောင်းရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ လာမည့်အစိုးရသစ် သက်တမ်းအတွင်း စီမံကိန်းအကောင် အထည်ဖော် အချိတ်အဆက်မိဆောင်ရွက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင် စီမံကိန်းများအပေါ် အခြေခံပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီထိရောက်တိကျမှုရှိသော စီမံကိန်း ကိုရေးဆွဲရန် လိုအပ်ပါကြောင်း၊ စီမံကိန်းခေါင်းစဉ်အဖြစ် အမျိုးသားအားကစားဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ဟု လျာထားပါကြောင်း ဝိုင်းဝန်းအကြံပြုစေလိုပါကြောင်း၊ စီမံကိန်းတစ်ခုဖြစ်ပေါ်ရေးဆွဲရာတွင် ဌာနအလိုက်၊ ပြည်နယ်တိုင်းအလိုက်၊ လက်ရှိအခြေအနေနှင့် ကိုက်ညီမှု အပေါ် အခြေခံပြီး ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင် အကြမ်းဖျင်း(၁၂) ချက်ကို အခြေခံထားပါကြောင်း၊ ၎င်းတို့မှာ-
-တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပညာပေးရေးနှင့် လူထုအားကစားလှုပ်ရှားမှု ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊
-တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အားကစားအခြေခံအဆောက်အဦးများ ပေါ်ထွန်းလာစေရေး နှင့် အများပြည်သူများ လာရောက်အသုံးပြုနိုင်ရေး
-မသန်စွမ်းအားကစားအပါအဝင် အားကစားနည်းများအလိုက် ဒေသတွင်းအားကစားပွဲများ တိုး တက်မြင့်မားဆောင်ရွက်ရေး
-မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုရရှိနိုင်ရေး၊
-နည်းပြဒိုင်များ အသစ်ဖော်ထုတ်ခြင်း နှင့် အားကစားသိပ္ပံအခြေခံပြီး အဆင့်မီနိုင်ငံတကာ အားကစားနည်းစနစ်များ တတ်ကျွမ်းလာစေရေး၊
-နိုင်ငံတကာအဆင့်မီ အားကစားပစ္စည်း၊ အားကစားအသုံးအဆောင်များကို ပြည်သူလူထုတရပ်လုံး ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး၊
-အားကစားသိပ္ပံနှင့် အားကစားတက္ကသိုလ်များမှ အားကစားသိပ္ပံပညာရပ်ကို တက်ကျွမ်းနားလည် သည့်သူများ ပေါ်ထွန်းလာစေရေး၊
-အားကစားစီမံခန့်ခွဲမှု ကျွမ်းကျင်သော အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးရေး၊
-အားကစားသုတေသနနှင့်အားကစားဆေးပညာပိုမိုတိုးတက်မြင့်မားစေရေး
-အားကစားအဖွဲ့ချုပ်များ၏ စွမ်းဆောင်ရည်ပိုမို မြင့်မားရေးအတွက် ပံ့ပိုးဆောင်ရွက်နိုင်ရေး၊ -အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် သက်ဆိုင်ရာနိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ပိုမိုထိရောက်နီးကပ်စွာ ဆောင်ရွက်ရေး၊
-အားကစားသမားများ ဘဝအာမခံချက်ရရှိရေး၊
အားကစားနှင့်ကာယပညာဦးစီးဌာန ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ခေတ်ကာလနှင့် လျော်ညီသော တာဝန်များကိုခွဲဝေ သတ်မှတ်နိုင်ရေးအချက်များကို အခြေခံပြီး ထည့်သွင်းရေးဆွဲရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပထမအချက်အနေဖြင့် စီမံကိန်းအမည်ကို ဦးစွာဆွေးနွေး ရန်လိုအပ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် စီမံကိန်းရည်မှန်းချက်တွင် ထားရှိရမည့်အချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်အစရှိသည်တို့ကို ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများမှ မိမိတို့ဌာနခွဲအလိုက် လိုအပ်သော သက်ဆိုင်ရာအချက် အလက်များကို ထည့်သွင်းတင်ပြရန် လိုအပ်ပါကြောင်း၊ စီမံကိန်းကာလ (၅)နှစ်အတွင်း တစ်နှစ်ချင်းစီအလိုက် ဆောင်ရွက်မည့်ရည်မှန်းချက်များ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို လက်တွေ့ ကျအမှန်တကယ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ညွှန်ကြားရေးမှူးများမှ စီမံကိန်းခေါင်းစဉ်အောက်တွင် ထည့်သွင်းရေးဆွဲခြင်းနှင့် သက်ဆိုင်သည့်အချက်များဖြစ်သော စီမံကိန်း ရည်ရွယ်ချက်များ၊ အားကစားပြိုင်ပွဲများနှင့် လူထုအားကစားအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့်ပေါ် ထွန်းလာစေရေး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရာတွင် အမှန်တကယ်ဖော်ဆောင်လုပ်ကိုင် နိုင်မည့် မူဝါဒချမှတ်ရေးနည်းလမ်းများ၊ လုပ်ငန်းတာဝန်ခွဲဝေလျာထားမှုဆိုင်ရာများ၊ယခင်စီမံကိန်း များ၏ အားနည်းချက်၊ အားသာချက်များကို တင်ပြခြင်း၊ တနိုင်ငံလုံးတူညီသော စံသတ်မှတ်ချက် များ ဖြစ်ပေါ်လာနိုင်ရေး၊ သက်ဆို်ငရာနှစ်အလိုက် ကျစ်လစ်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ အားကစားကွင်း/ရုံနှင့် အားကစားအသုံးအဆောင်များ ရရှိ နိုင်ရေး၊ အားကစားလေ့ကျင့်ရေးဆိုင်ရာ စံသတ်မှတ်ချက်များပေါ်ထွန်းလာစေရေး၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အားကစားကွင်း/ရုံများကို ဌားရမ်းအသုံးပြုခြင်းစနစ် အကောင်အထည်ဖော်ရေး၊ အားကစားပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အားကစားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တင်ပြ၍ အကူအညီအထောက်အပံ့ရရှိနိုင်ရေး၊ စီမံကိန်းရေရှည်အဆက်မပြတ် တည်တံ့ နိုင်ရေး၊ Mass Sports နှင့် Exellent Sports ခွဲခြားပြီး သီးသန့်ဆောင်ရွက်ကာ စဉ်ဆက်မပြတ် တိုးတက်စေရေး၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကာလအလိုက် ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် သတ်မှတ်ချက်ထား ရှိနိုင်ရေး၊ ဝန်ကြီးဌာနအားကစားပြိုင်ပွဲများ အဆင့်မြင့်တင်ကျင်းပနိုင်ရေးအချက်များကို တင်ပြခဲ့ကြသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တင်ပြဆွေးနွေးရာတွင် အမှန်တကယ်လက်တွေ့စီမံကိန်း ရေးဆွဲရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်အလိုက် လုပ်ငန်းတာဝန်လုပ်ဆောင်ရမည့် အချက်များကိုပါ အသေးစိတ်ထည့်သွင်း တွက်ချက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းတစ်ခု၏ သဘောသဘာဝ မူဘောင်သတ်မှတ်ချက်များအတွင်း ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ဘတ်ဂျက်လျာထားမှုနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အချိန်မျှတ ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်း၊ အားကစားသိပ္ပံများ၏ ရည်ရွယ်ချက်များကို ခေတ်ကာလအခြေအနေ ဆောင်ရွက်ချက်နှင့် ကိုက်ညီသော ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ရေးဆွဲရမည်ဖြစ် ပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအဆင့်သာမက နိုင်ငံတော်အကြီးအကဲအဆင့်တို့မှ ဦးဆောင်အကောင်အထည်ဖော်နိုင်ရေး လိုအပ်ပါကြောင်း၊ စီမံကိန်းသည် စိတ်ကူးယဉ်ကဲ့သို့မဟုတ်ဘဲ လက်တွေ့အမှန်တကယ်လိုက်ပါဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း ပြောကြားတင်ပြခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ တင်ပြဆွေးနွေးရာတွင် စီမံကိန်းကို ခေတ်ကာလနှင့် လိုက်လျောညီထွေ အမှန်တကယ်လိုက်ပါဆောင်ရွက်နိုင်မည့် အချက်များကို အဓိ ကထားရေးဆွဲရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် ရေမြေသဘောသဘာဝ၊ အခြေခံအကြောင်းအရာများ တူညီနီးစပ်မှုရှိသော အိမ်နီးချင်းနိုင်ငံများ၏ စီမံကိန်းများကို လေ့လာရေးဆွဲရန်လိုအပ်ပါကြောင်း၊ Excellent Sports ကိုလည်း သီးခြားခွဲထုတ်၍ စီမံကိန်းထဲတွင် ထည့်သွင်းရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ်ပြောကြားရာတွင် စီမံကိန်းအကောင်အထည်ဖော်ရေးဆွဲဆောင်ရွက်ရာတွင် လာမည့်အနီးဆုံး နှစ်အလိုက် လုပ် ဆောင်မည့်အချက်များကို အခြေခံပြီး လက်တွေ့အမှန်တကယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကိုစတင် ရန်လိုအပ်ပါကြောင်း၊ ဌာနခွဲအလိုက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်၊ သိပ္ပံများအလိုက် ရည်မှန်းချက်လုပ်ငန်းစဉ် တူညီမှု ဆောင်ရွက်ရမည့် အချက်များကို စီမံကိန်းခေါင်းစဉ်ကြီးအောက်တွင် ထည့်သွင်းရေးဆွဲရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းစဉ်အလိုက် လုပ်ဆောင်မည့် Action plan များပါရေးဆွဲရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
57 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display