skip to content

နေပြည်တော်၊ ၁၀-၈-၂၀၂၀ ရက်နေ့

(၇-၈-၂၀၂၀)ရက်နေ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း၊ (၄)ထပ်အိပ်ဆောင်နှင့် စားရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၁၀ခန်းတွဲ၃ထပ်ဝန်ထမ်းအိမ်ယာ၊ ဒဂုံတောင်မြို့နယ်နိုင်ငံတကာအဆင့်မီဖူဆယ်အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်း၊ဒဂုံမြောက်မြို့နယ် ၁၀ခန်းတွဲ ၃ထပ်ဝန်ထမ်းအိမ်ယာ၊ တောင်ဥက္ကလာပမြို့နယ်syntheticမီတာ၄၀၀ပြေးလမ်းနှင့်အရှေ့ပိုင်းခရိုင်ADရုံး၊ အိမ် တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အားကစားရုံတည်ဆောက်ရေးလုပ်ငန်း၊ ကိုးသိန်းအားကစားကွင်း အမျိုးသားအဆောင် ၁ /၂ အမျိုးသမီးအဆောင် ကွပ်ပျစ်များပြုပြင်ရန် အဝင်လမ်း ကွန်ဂရစ်လမ်းခင်းနိုင်ရေးလုပ်ငန်း၊ မြောင်းမမြို့နယ် ဘောလုံးကွင်းVIPမှန်ဆောင်၊ ဂျူဒိုရုံ၊ ရေကူးကန်များကို ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

  

(၈-၈-၂၀၂၀)ရက်နေ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်လိုက်ပါလျက် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား နယ်မြေကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးညွန့်လိုက်ပါလျက် ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့ အားကစားကွင်းအတွင်းသို့သွားရောက်ကြည်ရှုစစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ အားကစားရုံ၊ အားကစားကွင်းများအားကြည့်ရှု့စစ်ဆေးခြင်း၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များရှိအားကစားကွင်း/ရုံးများအားကြည့်ရှု့စစ်ဆေးခြင်းနှင့် လိုအပ်သည်များကိုမှာကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 


back to top Eng