skip to content

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်

မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက်ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် (၈.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာဦးစီး၍ မြို့နယ်စည်ပင်ဝန်ထမ်းများတို့ပူးပေါင်း၍ ယာယီပျံကျဈေးများတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား MASK များ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် Fitness Dance ဝါသနာရှင်များမှသရုပ်ပြကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထား သည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

(၇.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်၍ လမ်းသွားလမ်း လာပြည်သူ များအား MASK များအခမဲ့ဖြန့်ဝေခြင်း၊ COVID 19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

(၇.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ပဲခူးမြို့မဟာမြိုင်မီးပွိုင့်၊ ကျိုက်ပွန် မုခ်ဦးရှေ့၊ ပြင်စည်ဈေး၊ ဘုရားဈေးသစ် နေရာများ၌ ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား MASK များ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးကြေညာခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

(၇.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျောက်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ပြည်သူရဲတပ်ဖွဲ့၊ မြို့နယ်လ.ဝ.က၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့နှင့် We love Kyaukkyi တို့ ပူးပေါင်းဆောင်ရွက်၍ လမ်းသွားလမ်း လာပြည်သူ များအား MASK များ အခမဲ့ဖြန့်ဝေခြင်း၊ COVID 19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်းများကို (၇.၁၂.၂၀၂၀ )ရက်နေ့တွင် လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။


back to top Eng