နေပြည်တော်၊ နိုဝင်ဘာလ(၂၆)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှု ထမ်းများအား Covid 19 ရောဂါ၊ ကာကွယ်၊ထိန်းချုပ်တားဆီးရေးနှင့်ပတ်သတ်၍ ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း(SOP)အတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးရှင်းလင်း ပြောကြားခြင်း အစည်းအဝေးအား video conferencing စနစ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အားကစားနှင့်ဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူးများဖြစ်ကြသော ဒေါက်တာစိုးမင်းဦး၊ ဒေါက်တာထက်ဝေနှင့် တာဝန်ရှိသူများအသီးသီး တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏လမ်းညွှန်းချက်ဖြင့် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း(SOP)အတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးရှင်းလင်း ပြောကြားခြင်းအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အောက်ရှိဝန်ထမ်းများနှင့် ၎င်းတို့မိသားစုများတွင် Covid 19 တွေ့ရှိမှုကို သိရှိနေရပါကြောင်း၊ သက်ဆိုင်ရာအားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်း များအနေဖြင့် နိုင်ငံအဝန်း covid ရောဂါမပြန့်ပွားရေး၊ တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် အားတတ်သရော ပူးပေါင်းပါဝင်ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ယခု ကျင်းပပြုလုပ်သော အသိပညာပေး ရှင်းလင်းပြောကြားခြင်း အစည်းအဝေးတွင် ပါဝင်သည့် လိုက်နာကျင့်သုံးဆောင်ရွက်နေထိုင်ရမည့် အကြောင်းအရာများကို မိမိတို့ ပတ်ဝန်းကျင်နှင့်လက်အောက်ရှိ ဝန်ထမ်းများအား ပြန်လည်မျှဝေပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ တင်ပြဆွေး နွေးရာတွင် ရောဂါကာကွယ်ဆေး၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါပြန့်ပွားကူးစက်ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ကမ္ဘာအနှံ့ဖြစ်ပွားနေမှုများအကြောင်း၊ မြန်မာနိုင်ငံနှင့်ကမ္ဘာကျန်းမာရေး(website) များမှ ရောဂါဖြစ်ပွားမှုအခြေအနေများအကြောင်း၊ ယခင်က ကမ္ဘာအနှံ့ရောဂါဖြစ်ပွား သေဆုံးရာတွင် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများတွင် အသေအပျောက်အများဆုံးဖြစ်သောလည်း ယခု အခါ ရောဂါ၏မျိုးရိုးဗီဇပြောင်းလဲလာမှုကြောင့် သေဆုံးသူများ မြင့်တက်လာလျှက်ရှိပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိသားစုအတွင်းပေါ့လျော့မှုမရှိစေရန် အစဉ်သတိထား နေထိုင်ရန်လိုအပ် ပါကြောင်း၊ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ ကမ္ဘာနိုင်ငံအသီးသီးမှ စမ်းသပ်ထုတ်လုပ်ရာတွင် အဆင့်ဆင့်ဖြင့် ပြုလုပ်ဆောင်ရွက်နေသည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်ရာတွင် အဆင့်(၄)ဆင့်ဖြင့် ပြုလုပ်ဆောင်ရွက်ရသည်ဖြစ်ပြီး ယခုအခါ အဆင့်(၃)သို့ ရောက်ရှိဖော်ဆောင် နေနိုင်ပြီဖြစ်ပါကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားနိုင်မှုအခြေအနေများ ကာကွယ်ရန် မိမိပတ်ဝန်းကျင် နေ့စဉ်နေထိုင်မှုပုံစံအခြေအနေများနှင့် အမှတ်တမဲ့လုပ်ဆောင်မှုများကို အစဉ်သတိထားဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ Covidကာလအတွင်း လူအများ အစားအသောက်၊ အနေအထိုင်နှင့် ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်းများအကြောင်း၊ ရောဂါပိုးနှင့် ပတ်သက်သော သတင်းအကြောင်းအရာ အချက်အလက်များကိုချင့်ချိန်းသုံးသပ်ရန် လိုအပ် ပါကြောင်း၊ ခိုင်မာမှုမရှိသော သတင်းများကြောင့် စိတ်ဖိစီးမှုမဖြစ်ပေါ်စေရန် နေထိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ တရားဝင် ခိုင်မာသည့်သတင်းဌာနများမှ ထုတ်ပြန်ထားသော သတင်းများကို စောင့်ကြည့်လေ့လာ လိုက်နာရန်လိုအပ်ပါကြောင်း၊ Covidကာလအတွင်း မိမိ ကိုယ်တိုင်မှစ၍ မိမိမိသားစုနှင့်ပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များဖြစ်သည့် လက်ဆေးခြင်း၊ Maskတပ်ခြင်း၊ ခပ်ခွာခွာနေခြင်းတို့ကို အစဉ်သတိထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အစရှိသည့် အကြောင်း အရာများကို ပြောကြားခဲ့ပါသည်။
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးမှ အသိ ပညာပေးတင်ပြဆွေးနွေးရာတွင် Covidရောဂါစတင်ဖြစ်ပေါ်လာမှုအကြောင်းများနှင့် မြန်မာနိုင်ငံသို့ ပြန့်နှံ့ဝင်ရောက်ကူးစက်လာမှုအကြောင်း၊ Covidရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား ဖြစ်ပေါ် နေသည့် စိုးရိမ်ကြောင့်ကြမှုဆိုင်ရာများအကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်၊ ကူးစက်၊ ကုသ၊ သေဆုံးဆိုင်ရာအကြောင်းအရာများ ကာကွယ်ဆေးရရှိနိုင်မှုအခြေအနေနှင့် ထိုကာကွယ်ဆေးကို အသုံးချမှုဆိုင်ရာနှင့်အကျိုးအာနိသင်များအကြောင်း၊ ဆေးဝါးအကူအညီ မပါသော မိမိကိုယ်ကိုယ် ကိုရောဂါမဖြစ်ပွားအောင် ကာကွယ်ပြုမှုနေထိုင်ခြင်းဆိုင်ရာများအကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပညာပေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ရောဂါကူးစက်နိုင်ပုံအခြေအနေများအကြောင်း၊ ရောဂါအကာကွယ်ဖြစ်စေမည့် အသုံးအဆောင် ပစ္စည်းများ စနစ်တကျအသုံးပြုဆောင်ရွက်ရန် အကြောင်းအရာများ၊ ခန္ဓာကိုယ်အတွင်းရောဂါ ပြန့်နှံ့ဖြစ်ပွားနိုင်မှု ဆိုင်ရာအကြောင်းအရာများ၊ Covid ကာလအတွင်း သင့်လျှော်စွာနေထိုင်သင့် သည် လူမှုနေထိုင်မှုများအကြောင်း၊ မိမိတို့ပတ်ဝန်းကျင် လုပ်ငန်းခွင်အတွင်း ကြိုတင်ကာကွယ် ခြင်းဖြင့် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ခြင်းဆိုင်ရာများ အကြောင်း(Clean Zone)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးလိုက်နာဆောင်ရွက်ရမည့် အချက်များကို မိမိပတ်ဝန်းကျင် လုပ်ငန်းခွင်အတွင်း လိုက်ပါဆောင်ရွက်နိုင်မှုရှိစေရန် ဝိုင်းဝန်းတိုက်တွန်းပြောဆိုခြင်းဆိုင်ရာ အကြောင်းအရာများ၊ မိမိနေအိမ်တွင် နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းနှင့် ပြင်ပသို့ မဖြစ်မနေထွက်ခွာရမည်ဆိုပါက လိုက်နာဆောင်ရွက်ရမည့် အစီအမံအကြောင်းအရာများကို အသိ ပညာပေးတင်ပြဆွေးနွေးပြောကြားခဲ့ပါသည်။
အားကစားနှင့်ဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေမှ ပြောကြား ရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများနှင့် လေ့ကျင့်ရေးစခန်းများဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ(SOP) အကြောင်း၊ အခြေခံပညာကျောင်းများနှင့် အားကာသိပ္ပံကျောင်းများ နေထိုင်စားသောက်မှုတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ စာသင်ချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက် များအကြောင်း၊ အားကစားလေ့ကျင့်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အကြောင်း၊ အစား အသောက်၊ အနေအထို်င၊ နားချိန် လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများ၊ အာဟာရ ဆိုင်ရာအကြံပြုချက်များ အားကစားပစ္စည်း၊ အားကစားခန်းမ၊ အားကစားအသုံး အဆောင်များ ပြုလုပ်သုံးဆွဲရာတွင် စနစ်တကျ အသုံးပြုမှုဆိုင်ရာအကြောင်းအရာများ၊ ပိုးသတ်ဆေးဖျန်းရာနှင့် အပူချိန်တိုင်းကိရိယာ အသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ မိမိတို့ပတ်ဝန်းကျင် လုပ်ငန်းခွင်၊ နယ်ပယ်အတွင်း ကြိုတင်ကာကွယ်ခြင်းဖြင့် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ခြင်းဆိုင်ရာများအကြောင်း(Clean Zone) အစရှိသည် တို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးတင်ပြရာတွင် အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများမှ တင်ပြဆွေးနွေးရာတွင် မိမိတို့ပတ်ဝန်းကျင်နှင့် သင့်လျော်မှုရှိသော ရောဂါကာကွယ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်မည့် ကြိုတင်အစီအမံများ၊ အားကစား လေ့ကျင့်မှုပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများနှင့် အခြားသိရှိလိုသည့် အကြောင်း အရာများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ်ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းများ တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိမိတို့၏ လုပ်ငန်းခွင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင် ရွက်ရမည့် အသိပညာပေးအကြောင်းအရာများကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။