အာရှအိုလံပစ်ကောင်စီ
(Olympic Council of ASIA)
၁၉၄၈ခုနှစ်၊ (၁၄)ကြိမ်မြောက် လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ မြန်မာနိုင်ငံအပါအ၀င် အချို့ အားကစားခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြရာမှ အာရှအားကစားပြိုင်ပွဲ (ASIAN GAMES) ပေါ်ထွက်ခဲ့သည်။ (၁၃.၂.၁၉၄၉) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ဖွဲ့စည်းခဲ့သည်။ (AGF) ၏ဆောင်ပုဒ်ကို “ Ever Onward အစဉ်အမြဲရှေ့သို့ချီ” ဟူ သတ်မှတ်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲကို (၄)နှစ်လျှင်တကြိမ် ကျင်းပပြုလုပ်သွားရန် သတ်မှတ်ခဲ့ကြသည်။ ပထမအကြိမ်အာရှအားကစားပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၁၉၅၁ခုနှစ်၊ မတ်လမှ ကျင်းပနိုင်ခဲ့သည်။ ဒုတိယအကြိမ် ပြိုင်ပွဲကို ၁၉၅၄ခုနှစ်၊မေလ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့၌ကျင်းပခဲ့ပြီး(၁၆)ကြိမ်မြောက်၊ အာရှအားကစားပြိုင်ပွဲကို ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်း တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ပြီးဖြစ်သည်။
အာရှအားကစားအဖွဲ့ချုပ် (AGF)မှ အာရှအိုလံပစ်ကောင်စီ (Olympic Council of Asia - OCA) ကိုပြောင်း လဲသတ်မှတ်ဖွဲ့စည်းရန် အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး၊ (၅.၁၂.၁၉၈၂)ရက်နေ့ နယူးဒေလီမြို့တွင် တရား၀င် ဖွဲ့စည်း ခဲ့သည်။ အဓိက ရည်မှန်းချက် မှာ အာရှတိုက် အတွင်းရှိ လူငယ်များအတွင် အားကစား၊ ယဉ်ကျေးမှု နှင့် ပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။
OCA - အဖွဲ့၀င်နိုင်ငံများ
Asian Sport Federation - (36) Federation