skip to content

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ (Asian Beach Games)

 

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို ၂၀၀၈ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် (ပထမ)အကြိမ်အဖြစ် စတင် ကျင်းပခဲ့ပြီး၊ (ဒုတိယ)အကြိမ်အဖြစ် ၂၀၁၀ ခုနှစ်၊ အိုမန်နိုင်ငံ၊ မတ်စ်ကက်မြို့တွင် ကျင်းပခဲ့သည်၊ နိုင်ငံပေါင်း (၃၃) နိုင်ငံ ပါ၀င် ယှဉ်ပြိုင်ခဲ့သည်။ (တတိယ)အကြိမ် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်ယမ်း မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှတ်တမ်း

 

ခုနှစ် အကြိမ် ကျင်းပသည့်မြို့/နိုင်ငံ ပထမရရှိသည့်နိုင်ငံ ဒုတိယရရှိသည့်နိုင်ငံ

တတိယရရှိသည့်နိုင်ငံ

၂၀၀၈ ပထမအကြိမ် ဘာလီမြို့(အင်ဒိုနီးရှား) အင်ဒိုနီးရှား၊ ရွှေ(၂၃) ထိုင်း၊ ရွှေ (၁၀) တရုတ်၊ ရွှေ (၆)
၂၀၁၀ ဒုတိယအကြိမ် မတ်စကတ်မြို့(အိုမန်) ထိုင်း၊ ရွှေ (၁၅) တရုတ်၊ ရွှေ (၁၂) အိုမန်၊ ရွှေ (၅)
၂၀၁၂ တတိယအကြိမ် ဟိုင်ယမ်း (တရုတ်) - - -
၂၀၁၄ စတုတ္ထအကြိမ် ဖူးခတ် (ထိုင်း) - - -
၂၀၁၆ ပဉ္စမအကြိမ် နချမ်း (ဗီယက်နမ်) - - -
 

 


back to top Eng