အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်(SEAGF)
၁၉၅၉ခုနှစ်မှစတင်၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ယခင်အရှေ့တောင်အာရှကျွန်းဆွယ်အား ကစားပြိုင်ပွဲ - ၁၉၇၇ခုနှစ်(၉)ကြိမ်မြောက်ပြိုင်ပွဲမှစတင်၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖြစ် ပြောင်း လဲသတ်မှတ်ကျင်းပသည်) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် (Southeast Asian Games Federation - SEAGF) ၁၉၅၈ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့စတင်ဖွဲ့စည်းခဲ့ပါသည်။
အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ
SEAP Games
၁၉၅၉ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့စတင်ကျင်းပခဲ့ရာ (မြန်မာ/ကမ္ဘောဒီးယား/လာအို/ထိုင်း/ဗီယက် နမ်/မလေးရှား/စင်္ကပူ)တို့ပါ၀င်ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ခုနှစ်၊ ဒုတိယအကြိမ်ပြိုင်ပွဲ၊ ၁၉၆၉ခုနှစ် ပဉ္စမ အကြိမ်ပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပေးခဲ့သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်(SEAGF)၏
ရည်ရွယ်ချက်နှင့် အဓိကလုပ်ငန်း တာ၀န်များ
(Charter and Rules as at 30 May,2010)
အရှေ့အောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် (SEAGF) နှင့်ပတ်သက်သောအဖွဲ့အစည်းများ
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရေးအဆင့်မြင့်ဆုံး ဆုံးဖြတ်အတည် ပြုခွင့်ရှိအဖွဲ့အစည်းဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးမည့် အမျိုးသား အိုလံပစ်ကော်မတီအဖွဲ့ချုပ် ကောင်စီဥက္ကဌအဖြစ်တာ၀န်ယူပြီးဖွဲ့စည်းရသည်။ (SEAGF) အဖွဲ့၀င်နိုင်ငံ (၁၁)နိုင်ငံတို့၏ အမျိုးသားအိုလံပစ်ကော်မတီများမှ ကိုယ်စားလှယ်(၃)ဦးဖွဲ့စည်း တာ၀န်ပေးရသည်။ (SEAGF) ကောင်စီအစည်းအေ၀းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကျင်းပရန် ပြင်ဆင်နေဆဲ ကာလအတွင်း အနည်းဆုံး (၃)ကြိမ် (ပြိုင်ပွဲမတိုင်မီ တစ်နှစ်ခွဲခန့်အလို တစ်ကြိမ်/(၈)လခန့်အလိုတစ်ကြိမ် /ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမစတင်မီတစ်ကြိမ်) ခေါ်ယူရန် လိုအပ်ပါသည်။ အရေးပေါ်ကောင်စီအစည်းအေ၀း များကို ကျင်းပနိုင်ပါသည်။