အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games) (၂)နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသောအရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)ကို ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ ၀င်နိုင်ငံပေါင်း (၆)နိုင်ငံပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၀၉ ခုနှစ် တွင် (၂၅)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာအိုနိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ စတင်ပြီး ၂၀၀၉ ခုနှစ်အထိ ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများ မှာ အောက်ပါ အတိုင်းဖြစ်သည်။
1. Thai
2. Myanmar
3. Malaysia
4. Singapore
5. Indonesia
6. Philippine
7. Brunei
8.Vietnam
9.Laos