skip to content

၂၀၂၁ခုနှစ်၊ဇန်နဝါရီလ(၅)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီ အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများ Covid 19 စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရုံးလုပ်ငန်းများ တာဝန်ထမ်းဆောင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး Covid 19 ကာလ စည်းကမ်းချက်များနှင့် အညီ AUG Games ၊ 31st SEA Gamesအတွက် ပြိုင်ပွဲဝင်လက်ရွေးစင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများကို အားကစားနှင့်ကာယပညာဦးစီးဌာနရှိ သက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှလိုက်လံရှင်းလင်းပြသ၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။


back to top Eng