နေပြည်တော် ဇွန်လ ၂၅ရက်။
ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ စိမ်းလန်း စိုပြည်လှပရေးနှင့် မြရောင်ရှုခင်းများ ဖြစ်ပေါ်လာအောင် စိုက်ပျိုးမြေများတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ ရေလယ်ကျွန်းနှင့် ဆက်သွယ်ထားသော တံတားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။