နေပြည်တော် ဇွန်လ ၁၆ရက်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းဝင်းအတွင်း၌ စိမ်းလန်းစိုပြေလှပရေးနှင့်မြေယာရှုခင်းများဖြစ်ပေါ်လာအောင်ပြုလုပ်လျက်ရှိရာ စိမ်းလန်းစိုပြေလှပရေးအတွက် (၁၆.၆.၂၀၂၀)ရက်နေ့တွင် ရေလယ်ကျွန်းနှင့်ဆက်သွယ်ထားသော ကမ်းကပ်ခုံတံတားပြုလုပ်နေမှုအား ညွှန်ကြားရေးမှူးချုပ်မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။