skip to content

နေပြည်တော် ဇွန်လ ၁၃ရက်။    ။

ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားဝန်းအတွင်း၌ စိမ်းလန်းစိုပြလှေပရေးနှင့် မြယောရှုခင်းများ ဖြစ်ပေါ်လာအောင် ပြုလုပ်လျက်ရှိရာ စိမ်းလန်းစိုပြေလှပရေးအတွက် သီးပင်စားပင်များစိုက်ပျိုးထားရှိပြီး ၊ အပတ်စဉ်တိုးတက်မှုများ အတွက် အားကစားကွင်း/ အားကစားရုံဌာနခွဲမှ ဝန်ထမ်းအင်အား(၂၂၀)ဖြင့် ဆောင်ရွက်လျက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊အားကစားကွင်းနှင့်အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းတာဝန်ထမ်းဆောင်လျက်ရှိသော အားကစားကွင်း/ အားကစားရုံဌာနခွဲရှိ ဝန်ထမ်းများအား ဆန်(၂)ပြည်၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆီ(၁)ဗူးတို့အား ပေးအပ်ခဲ့ကြပါသည်။


 

ယနေ့ (၁၃.၆.၂၀၂၀)အထိ စိုက်ပျိုးခဲ့သော သီးပင်စားပင်များမှာ ထိုင်ဝမ်င်္သဘော(၂၅၁)ပင်၊ ကီလိုမာလကာ(၁၀၇)ပင်၊ စိန်တစ်လုံးသရက်(၂၅)ပင်၊ ဖရုံ(၄၅)ပင်နှင့်ဗူး(၁၀)စင်၊ငရုပ်(၁၀၀၀)ပင် တို့ဖြစ်ကြောင်း သိရှိရပါသည်။

 


back to top Eng