skip to content

လှိုင်းဘွဲ့၊ မေ ၁၃

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနက ဆောင်ရွက်သည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ငွေလုံးငွေရင်း) အသုံးစရိတ် ၂၉၇ ဒဿမ ၆ သန်းဖြင့် အလျားပေ ၁၂၀၊ အနံပေ ၉၀၊ အမြင့် ၃၆ ပေတည်ဆောက်ခြင်းလုပ်ငန်းကို မြသီတာ အောင်စိုးစိုးကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကြေးမှုံသတင်းစာမှကောက်နှုတ်ဖော်ပြသည်။

 


back to top Eng