Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားလိုက် စီမံချက်များရေးဆွဲခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ သုံးသပ်တင်ပြခြင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ (၈)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဘဏ္ဍာရေးရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ မိမိဌာနခွဲနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားလိုက် စီမံချက်များရေးဆွဲခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်း အဝေးခန်းမ၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် Video Conferencingစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား)ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှချီးမြင့်သည့် လူမှုထူးချွန်ဆုများရရှိသည့်တွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ယခုကျင်းပသည့် အစည်းအဝေးသည် အားကစားဖွံ့ဖြိုးတိုးတက်ရေးတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းခြားလိုက် စီမံချက်များအား ဌာနခွဲများ၊အားကစားသိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်ပြမှုများအားပြန်လည်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သုံးသပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တာဝန်ခံညွှန်မှူးများ အနေဖြင့် နိုင်ငံအားကစား ဖွံ့ဖြိုးတိုးတက်ရေးတွက် ထပ်မံတင်ပြလိုပါက ဖြည့်စွက်တင်ပြနိုင်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးမှ သုံးသပ်တင်ပြရာတွင်(၅)နှစ် စီမံကိန်း တိုင်းဒေသကြီးနှင့်ပြည်နယ်များ တင်ပြချက်ပေါ် ပြန်လည်သုံးသပ်ရာတွင် စီမံကိန်းကာလ မတူညီခြင်း၊ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်မှ တိုက်ရိုက်အထောက်အကူပြုရမည့်အချက်များ၊ စီမံကိန်းကိုယ်ဖြစ်နိုင်ချေရှိတာကို ဖော်ပြရန်လိုအပ်ချက်များ၊ နှစ်လိုက်ဆောင်ရွက်မည့် အသေးစိတ်ချက်လက်များ ဖော်ပြရန်လိုအပ်ချက်များ၊ စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက် မည့် အဖွဲ့အစည်းများ ဖော်ပြရန်လိုအပ်ချက်များ၊ ဘဏ္ဍာငွေရှာဖွေရယူရေး ဆိုင်ရာလိုအပ်ချက်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ စီမံကိန်းရေးဆွဲရာတွင် အကြံပြုချက်များဖြင့်၂၀၂၁-၂၂ မှ ၂၀၂၅-၂၆ နှစ်တွင် ဘဏ္ဍာရေးနှစ်အလိုက် ဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ ကျင်းပသော ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုအခြေအနေ အောင်မြင်မှုရရှိရန် လိုအပ်ချက်များ၊ ပညာရေးဌာနနှင့်ပူပေါင်း ဆောင်ရွက်မှု အခြေအနေ၊ အားကစားဆပ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ နည်းပြများ မွေးထုတ်နိုင်မှု၊ ဒေသတွင်း ပြည်သူများ အားကစားကို စိတ်ပါဝင်စားလာအောင် ဆောင်ရွက်မှု ၊ ဝန်ထမ်းများတိုးမြှင့် ခန့်ထားမှုနှင့် စည်းကမ်းကောင်းမွန်ပြီး သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ အားကစားကွင်း/ရုံများ ပြုပြင် ထိန်းသိမ်းမှုနှင့် အသစ်တည်ဆောက်ရေး ကိစ္စရပ်များ၊ လူထုအားကစားပိုမိုတိုးတက်အောင် ဆောက်ရွက်ရန် ကိစ္စရပ်များ၊ ဒေသတွင်း အားကစားနည်းအလိုက် နည်းပြများ၊ ဒိုင်များမွေးထုတ် အရည်အချင်းမြှင့်တင်ရေးကိစ္စရပ်များ၊ ဒေသတွင်းအားကစားကလပ်များ ထိရောက်စွာအောင်မြင်အောင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြို့နယ်များအလိုက် ဘဏ္ဍာငွေရှာဖွေရေး ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် သုံးသပ်အကြံပြုဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းမှ ဌာနခွဲများ၊တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးဌာနများ၏ တင်ပြချက်အပေါ်သုံးသပ်ဆွေးနွေးချက်များ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းအုပ်ကြီးများ၏ ဆွေးနွေးမှု တင်ပြချက်များအရ နည်းပြများ လုံလောက်မှုမရှိခြင်းကိစ္စရပ်များ၊ သင်ရိုးညွှန်းတန်းသစ် ရေးဆွဲနေခြင်းကိစ္စရပ်များ၊ သင်တန်းသားရွေးချယ်မှုကိစ္စရပ်များ၊ သိပ္ပံကျောင်းများရှိ နည်းပြများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊နည်းပြသင်တန်းများ တက်ရောက်နိုင် ရေးကိစ္စရပ်များ၊ သင်တန်းများတွင် စားစရိတ်တိုးမြှင့်ပေးနိုင်ရေးကိစ္စရပ်များ၊ ဟားခါး၊စစ်တွေ သိပ္ပံ ကျောင်းများတွင် သင်တန်းသားများ ကြိုတင်ရွေးချယ်နိုင်ရေးကိစ္စရပ်များ၊ အားကစားနှင့်ပညာရေး ပေါင်းစပ် အထက်တန်းကျောင်းများ၏ တင်ပြမှုများဖြစ်သော စာသင်ခန်းမှု လုံလောက်မှုမရှိခြင်း ကိစ္စရပ်များ၊ စာသင်နှစ်အတွင်း ပျမ်းမျှစာသင်ချိန် လျော့နည်းနေမှုကိစ္စရပ်များ၊ ဆရာ/ဆရာမ များအား သိပ္ပံကျောင်းအသီးသီးရှိ ဝန်ထမ်းအိမ်ယာများတွင် နေထိုင်နိုင်ရေးကိစ္စရပ်များ၊ သင်တန်းသားများအား Guardian System ဖွဲ့၍ သင်ကြားနိုင်ရေးကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြော ကြား၍လည်းကောင်း၊ အားကစားကွင်း/အားကစားရုံ ထိန်းသိမ်းမှုများအတွက် အင်ဂျင်နီယာများ တင်ပြချက်များဖြစ်သော ဝန်ထမ်တိုးချဲ့ခန့်ထားနိုင်ရေးကိစ္စရပ်များ၊ ဖွဲ့စည်းပုံအင်ပြည့်အားပြည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)၏ စီမံချက်များအပေါ် အကြံပြုသုံသပ်ချက်များအဖြစ် ဝန်ထမ်းခန့်ထားနိုင်ရေးကိစ္စရပ်များ၊ ပြည်တွင်းအားကစားပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သောကိစ္စရပ်များ၊ ဦးစီးဌာနမှကျင်းပ သော အားကစားပြိုင်ပွဲများကို တိုင်းနှင့် ပြည်နယ်များမှ ပါဝင်ယှဉ်ပြိုင်နိုင်မှုအခြေအနေများ၊ တိုင်း နှင့် ပြည်နယ်ပြိုင်ပွဲများ ပြည်သူများတိုက်ရိုက်ကြည့်ရှုနိုင်ရေး၊ တိုင်းနှင့် ပြည်နယ်များ၌လှည့်လည်၍ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ တိုင်းနှင့်ပြည်နယ်များတွင် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အဆင့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အသက်ကန့်သတ်ချက်မှန်ကန်စွာပါဝင်နိုင်မှု စသည်တို့ကို ပြင်ဆင်ဆောင် ရွက်မှုကိစ္စရပ်များ၊ တိုင်နှင့် ပြည်နယ်များ၏ ဒေသခံစစ်စစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုအားနည်းသည့်ကိစ္စရပ်များ၊ တိုင်းနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို TV Channel များတွင် ထုတ်လွှင့်နိုင်ရေးကိစ္စရပ်များ ပြိုင်ပွဲကျင်းပရေးတွင် ပါဝင်သော ဒိုင်လူကြီးများ စားစရိတ်တိုးမြှင့်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနအားကစားပြိုင်ပွဲများကို ထပ်မံအဆင့်မြှင့်တိုးချဲ့ ကျင်းပနိုင်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြား၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအားကစား ပြိုင်ပွဲများ SEA Games၊ Asian Games တွင် ဆုတံဆိပ်ပိုမိုရရှိနိုင်ရေး၊ နိုင်ငံအလိုက်အဆင့်တိုးတက် မှုရရှိရေးအတွက် ကြိုးစားပြင်ဆင်ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ နိုင်ငံခြားနည်းပြငှားရမ်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိလာသော အားကစားသမား နည်းပြအုပ်ချုပ်သူများအား ထိုက်တန်စွာဆုချီးမြှင့်ပေးရေးကိစ္စရပ်များ၊ မြန်မာ အားကစား အဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာနိုင်ငံတကာအားကစားအဖွဲ့ချုပ်များတွင် ပါဝင်တာဝန်ထမ်းဆောင်နိုင်ရေးကိစ္စရပ်များ၊ SEA Games ပြိုင်ပွဲများတွင် မြန်မာရိုးရာ အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်ရေးကိစ္စရပ်များကို သုံသပ်ဆွေးနွေးပြောကြား၍လည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)၏ ဆွေးနွေးတင်ပြချက်များဖြစ်သော လူရွေးချယ် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ စခန်းသွင်းလေ့ကျင့်စဉ် တစ်ဦးချင်းစားစရိတ်တိုးမြှင့်ရေး၊ အားကစားသမားအုပ်ချုပ်နည်းပြများကို ထောက်ပံ့ငွေတိုးမြှင့်ပေးရေးကိစ္စရပ်များ၊ နည်းပြ သင်တန်းများဖွင့်လှစ်သင်ကြားနေမှုကိစ္စရပ်များ၊ ဒိုင်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကိစ္စရပ်များ၊ ပြည်ပနည်းပြငှားရမ်းခြင်းကိစ္စရပ်များကို သုံးသပ်ဆွေးနွေးပြောကြား၍လည်းကောင်း၊ အားကစား စီမံကိန်းနှင့် သုတေသနဌာနခွဲ၏ စီမံချက်များကို ဆွေးနွေးသုံးသပ်ရာတွင် လက်ရှိဆောင်ရွက်နေ သည့် သုတေသနလုပ်ငန်းများ၊ သုတေသနနှင့် ပတ်သက်သောသင်တန်းများ စေလွှတ်ခြင်းကိစ္စရပ် များ၊ အားကစားသုတေသနလုပ်ငန်းများ ပြည်သူများကြား ပြန့်နှံ့စေရေးကိစ္စရပ်များကိုလည်း သုံးသပ်ဆွေးနွေးပြောကြား၍လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲတင်ပြမှုများနှင့် ပတ်သက်၍ ရောဂါကာကွယ်ခြင်း ကုသခြင်း၊ အားကစားနှင့် အာဟာရဆိုင်ရာလုပ်ငန်းများ၊ အားကစားနှင့် တားမြစ်ဆေး သုံးစွဲမှုဆန့်ကျင်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ စသည့်ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စီမံချက်အသီးသီး၏ ဆွေးနွေးတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆွေးနွေးသုံးသပ်ပြောကြားရာတွင် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံတိုးချဲ့မှုပြင်ဆင်ရေးကိစ္စရပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး(၄)တွင် ဝန်ထမ်းဖွဲ့စည်းပုံတိုးမြှင့် ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ၊ ဟားခါး၊စစ်တွေ သိပ္ပံကျောင်းများတွင် ဝန်ထမ်းတိုးမြှင့်ခန့်အပ်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြက်ဖြတ်စက်တောင်းခံထားရှိမှုအခြေအနေများ၊ အားကစား ကွင်း/ရုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ သဘာဝဘေးဒဏ် ကျရောက်မှု၊ ပြုပြင်ထိန်းသိမ်းမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားကွင်း/ရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ဘောလုံးကွင်း၊ အားကစားရုံလိုအပ်မှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံတည်ဆောက်ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် ရေကူးကန် ထပ်မံတည်ဆောက်ရန် လိုအပ်မှု အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ ဌာနခွဲများ၊အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအလိုက် အားကစားလှုပ်ရှားမှု မြင့်မားစွာဆောင်ရွက်နိုင်ရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသ အာဏာပိုင် အစိုးရအဖွဲ့အစည်းများ နှင့် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများ၊ ဝန်ထမ်းများ ရုံးလုပ်ငန်း၊ဘဏ္ဍာရေးလုပ်ငန်းများ ကျွမ်းကျင်မှု အခြေအနေများ၊ ဝန်ထမ်းများငွေကြေးအလွဲသုံးစား မဖြစ်ပေါ်စေရေး ကိစ္စရပ်များ၊ အရက်၊လောင်းကစား ကင်းရှင်းရေး ကိစ္စရပ်များ၊ ဝန်ထမ်းများ အထက်အောက် အပြန်အလှန် လေးစားမှု ရှိစေရေးကိစ္စရပ်များ၊ ပြည်သူများ သဟဇာတဖြစ်အောင် အားကစားလုပ်ငန်းများ ဆောင်ရွက်နိုင်မှု ကိစ္စရပ်များ၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်စေရေးကိစ္စ ရပ်များ၊ အားကစားနှင့်ကာယပညာကျောင်းသားအသစ်ရွေးချယ်ရာတွင် ပညာရေးနှင့် အားကစားအခြေခံကောင်းမွန်ပြီး ဉာဏ်ရည်မြင့် သင်တန်းသားများ ရွေးချယ်နိုင်ရေးကိစ္စရပ်များ၊ သိပ္ပံကျောင်းများ စာသင်ခန်းတိုးချဲ့မှု ၊ ကွန်ပျူတာအခန်းထားရှိမှု ကိစ္စရပ်များကို သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်ပြောကြားရာတွင် ယခုပြုလုပ်ပြီးစီးခဲ့သည့် အားကစားဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်စီမံချက်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များမှ သုံးသပ်ချက်များကို ဆောင်ရွက်ရာတွင် နှစ်တစ်နှစ်ချင်းစီအလိုက် ဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများအပေါ် (Monitoring and Evalution)စောင့်ကြည့်မှတ်သား အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း၊စီမံချက်များ ဆောင်ရွက်ချမှတ်ရာတွင်လည်း လက်တန်းဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ စနစ်ကျသော အားကစားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုဖြစ်လာစေရန်အတွက် မိမိတို့ လက်ရှိကြုံတွေ့နေရ သည့် မြေပြင်အနေအထား သက်ဆိုင်ရာဒေသအလိုက် အားကစားဆိုင်ရာ လိုအပ်ချက်များ၊ သတင်းအချက်အလက်များ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားနောက်ခံ သမိုင်းကြောင်း အနေ အထားများ၊ အမှန်တကယ်လိုက်ပါဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မိမိတို့ အကောင်အထည် ဖော်ဆောင်ရွက်မည့် ရည်ရွက်ချက်၊ ဦးတည်ချက်၊ ဦးစားပေး၊ ရည်မှန်းချက် ပန်းတိုင်တို့နှင့် ကိုက်ညီ မှုရှိရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း (Time Frame)သက်မှတ်ကာလအတွင်း ရောက်ရှိဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထား အဓိကဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် (Sport Development Plan) များကို လေ့လာပြီး မိမိနိုင်ငံ အနေအထားနှင့် သင့်လျော်မှုရှိသော (Sport Science and Technology)များကို သိရှိ အခြေခံ၍ ရေးဆွဲရန်လိုအပ်ပါကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦး အခြေခံကျသော (Sport For All) ပြည်သူတရပ်လုံး ဝင်ရောက်ပါဝင်နိုင်ရေးအချက်ကိုလည်း ထည့်သွင်းတွက် ချက်ရန်လိုအပ်ပါကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာသည့် မူဝါဒ တစ်ခု ချမှတ်ပြီး ရေရှည် အကောင်အထည်ဖော် အဆင့်ဆင့်ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (Task Force) အထူးလုပ်ငန်း တာဝန်အဖွဲ့တစ်ခု ဖွဲ့စည်းရန်လိုကြောင်း၊ ထိုအဖွဲ့မှ သက်ဆိုင်ရာနယ်မြေဒေသအလိုက် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုက်ညီမှုရှိသည့် စီမံကိန်းတစ်ခုကို ချမှတ်ရေးဆွဲပြီး နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြသွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
27 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display