skip to content
နေပြည်တော်၊ ဩဂုတ်လ(၁၂)ရက်။
 
မြန်မာ့အားကစားအဆင့်အတန်းတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင်ထည့်သွင်းသင်ကြားမည့် သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
 
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် သင်ရိုးညွှန်းတမ်းများသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ (၈) တန်း၊ (၉)တန်း၊ (၁၀)တန်း သင်တန်းသားများအတွက် သင်ရိုးညွှန်းတမ်းများဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများအကြောင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ အကြံပြုချက်များကိုလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ကျွမ်းကျင်မှု၊ စွမ်းဆောင်ရေးပိုမိုမြင့်မားလာစေရေးအတွက် လေ့ကျင့်သင်ကြားမှုဆိုင်ရာကော်မတီဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများ၊ ဝန်ထမ်းစီမံရေးရာများ၊ နည်းပြနည်းစနစ်မှူးများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာ၊ စီမံ/ဘဏ္ဍာရေးလိုင်းအမျိုးမျိုးကိုကျွမ်းကျင်မှု၊ စွမ်းဆောင်ရေးမြှင့်တင်ဖို့လိုအပ်ပါကြောင်း၊ ကျွမ်းကျင်သော နည်းပြများ၊ နိုင်ငံတကာ Certificate ရရှိသော နည်းပြများ၊ ကျွမ်းကျင်စွာ Training ရေးဆွဲတတ်သောနည်းပြများလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နည်းပြများရှာဖွေမွေးထုတ်ပေးရန်လိုအပ်ပါကြောင်း၊ ပြည်နယ်/တိုင်း၊ ခရိုင်/မြို့နယ်၊ ရပ်ကွက်များတွင်လည်း မြေရရှိသည်နေရာတိုင်းတွင် အားကစားကွင်းများ ဆောက်လုပ်ခြင်း၊ အားကစားပစ္စည်းလှူဒါန်းခြင်းများ၊ EIM များပြုလုပ်ခြင်းဖြင့် လူထုကိုကျန်းမာစေရန် စည်းရုံးဆောင်ရွက်သင့်ပါကြောင်း၊ Outdoor Fitness များကို လူအများကစားနိုင်သောနေရာ များတွင် ပြောင်းလဲတပ်ဆင်စေချင်ကြောင်း၊ လေ့ကျင့်ရေး centerတွင် ကွန်ပြူတာ၊ စာကြည့်တိုက်တွင် အားကစားနှင့်ပက်သက်သည့် စာရွက်စာတန်းများ စာအုပ်များထားရှိစေချင်ကြောင်း၊ လေ့ကျင့်ရေး center တစ်ခုထားရှိပြီး ကဏ္ဍအလိုက် သင်တန်းများဖွင့်လှစ်စီမံဆောင်ရွက်ပေး စေလိုကြောင်း၊ လာမည့်ဩဂုတ်လတွင် ညွှန်ကြားရေးမှူးများ၏ Presentation များကို စတင်မည်ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးတစ်ဦးလျှင် (တစ်နာရီ)အချိန်ဖြင့် ဌာနခွဲများ၏ ရှေ့ဆက်လုပ်မည့်အစီအစဉ်များကို video click ဖြင့်ရိုက်ပြီး ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ပါ ကြောင်း၊ ဘာသာရပ်အလိုက် အားကစားနည်းများ၏ အားကစားသမား၊ နည်းပြများအရည်ချင်း တိုးတက်လာစေနိုင်ရေး၊ အားကစားနည်း၏ စီမံခန့်ခွဲမှုများ၊ International များနှင့်ဆက်ဆံရာတွင် တိုးတက်လာစေရန် သင့်လျော်သောလုပ်ငန်းစဉ်များကို စဉ်းစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှတင်ပြရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် အားကစားနည်းများ၏ သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ရန်ကုန်နှင့်နေပြည်တော်တွင် အစည်းအဝေး(၄)ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ သင်ရိုးညွှန်းတမ်းများကိုအဖွဲ့ချုပ်များမှ ပေးပို့ပြီးဖြစ်သော်လည်း အားကစားနည်းအားလုံး၏ သင်ရိုးညွှန်းတမ်းတပြေးညီ ဖြစ်စေရေးအတွက် ပြန်လည်ပြင်ဆင်ရန် ထပ်မံဖြည့်စွက်ရန် လိုအပ်သောအချက်များအား အချိန်နှင့်တပြေးညီ အမြန်ဆုံးဖြည့်စွက်ပေးပို့နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ အကြောင်းကြားပေးပို့ ဆောင်ရွက်ထားပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့ချုပ်များနှင့် နောက်ဆုံးအတည်ပြုဆွေးနွေးခဲ့ပြီး အချက်အလက်ပြည့်စုံသော အားကစားနည်းများ အားကစားနည်း(၁၈)နည်း ပေးပို့ပြီးဖြစ်ပါ ကြောင်းနှင့် အချက်အလက်မပြည့်စုံသော ပိုက်ကျော်ခြင်းနှင့် တင်းနစ်ကိုလည်းအမြန်ဆုံး ပြည့်စုံအောင် ဆောင်ရွက်နေပါကြောင်း၊ သင်ရိုးညွှန်းတမ်းများတွင် အသုံးပြုမည့်စာအုပ်အဖုံး၊ မာတိကာ၊ သမိုင်းအကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သင်ခန်းစာ၊ စည်းမျဉ်း၊ စည်းကမ်းဥပဒေများ၊ ပြုစုသူ၊ မှီငြမ်းစာအုပ်များ တပြေးညီဖြစ်စေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်တင်ပြညှိနှိုင်းဆွေးနွေးခဲ့သည်။
 
 
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယခု သင်ရိုးညွှန်းတမ်းသည် (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းများသင်ကြားရမည်ဖြစ်သဖြင့် တစ်ချို့ အဖွဲ့ချုပ်များအနေဖြင့် စေတနာထက်သန်စွာဖြင့် ပြုလုပ်ရာအခြေခံအပိုင်းများ မပါဝင်ပဲအတွက် လက်ရွေးစင်အဆင့်နှင့်အထက်သင်ရိုး ညွှန်းတမ်းများပါဝင်နေသည့်အတွက် ပြန်လည်ညှိနှိုင်း ဆွေးနွေးသင့်ပါကြောင်း၊ ဝန်ထမ်းများရုံးလုပ်ငန်းကိစ္စများ ဘဏ္ဍာရေးကိစ္စများ ကျွမ်းကျင်ရေး အတွက် ယခင် Covid 19 မဖြစ်ခင်အချိန်များတွင် (၆)လတစ်ကြိမ် (၁)လသင်တန်းများ၊ (၃)လ သင်တန်းများဖွင့်လှစ်ရန်စီစဉ်ထားပါကြောင်း၊ ယခုအချိန်တွင် Covid 19 ကြောင့်ဖွင့်လှစ်နိုင်သေးခြင်းမရှိပါကြောင်း၊ လေ့ကျင့်ရေး center အနေဖြင့် Gold Camp ရှိ Multipurpose Hall တွင် ကွန်ပြူတာများကိုပြုပြင်ပြီး လေ့ကျင့်ရေး center ပြုလုပ်ရန်ရှိပါကြောင်း၊ လေ့ကျင့်ရေး center အနီးတွင်လည်း စာကြည့်တိုက်များပြုလုပ်မည်ဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်အလိုက် Logo တစ်မျိုးစီဖြစ်နေသည့်အတွက်တစ်စုတစည်းတည်းဖြစ်စေရန် ညှိနှိုင်းဆွေးနွေး၍ ပြန်လည်တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းများဖြစ်သည့်အတွက် တစ်ဖက်တွင်ပညာရေး (၆)ဘာသာသင်ကြားလုပ်ဆောင်နေရသည့်အပြင် အားကစားလုပ်ငန်းများကိုလည်းလုပ်ဆောင်နေရကြောင်း၊ ထို့ပြင်တစ်ဖက်ကလည်း (Theory)များကိုပါ သင်ရမည်ဖြစ်ပါသဖြင့် ကျောင်းသားများ အနေဖြင့်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ Logo အသုံးပြု ရာတွင် ဝန်ကြီးဌာန Logo၊ အားကစားသိပ္ပံ Logo၊ အားကစားနည်းအလိုက် Logoများ ဖြစ်ကြသည့်အတွက်များနေပါကြောင်း၊ အားကစားသိပ္ပံသင်ရိုးညွှန်းတမ်းဖြစ်သည့်အတွက် အားကစားသိပ္ပံLogoသည် သင့်တော်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ယခုပြုစုထားသော သင်ရိုးညွှန်းတမ်းများသည် အဆင့်မြင့်သင်ရိုးများအဖြစ်တွေ့ မြင်ရပါကြောင်း၊ ယခုသင်ကြားမည့်ကျောင်းသား/ကျောင်းသူများသည် level 1,2,3 အနေဖြင့် အဆင့်မြင့်တင်ရမည်ဖြစ်ပါကြောင်း၊ ယခုသင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းသည် မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် အားကစားသမိုင်းကိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး ကျန်သည့်ပိုင်းများတွင် အခြေခံသဘော တရားများသာ သိရှိစေရန် ရည်ရွယ်သင့်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ယခု ကျောင်းသား/ကျောင်းသူများသည် SCHOOL GAME အတွက်သာ ရည်ရွယ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့်ပက်သက်၍ ပထမ(၃)လပို့ချရာတွင် ရာခိုင်နှုန်းမည်မျှ၊ သရုပ်ပြနှင့်လက်တွေ့တွင် ရာခိုင်နှုန်းမည်မျှဖြင့်သာရှိသင့်ပါကြောင်း၊ ယခုသင်ရိုးညွှန်းတမ်းများကို သင်ယူမည်ဆိုပါက နှစ်လုံး ပေါက်သင်ကြားရမည့်အခြေအနေဖြစ်ပါကြောင်း၊ ယခုသင်ရိုးညွှန်းတမ်းသည် နည်းစနစ်မှူးသင် တန်းများနှင့် ကိုက်ညီမှုရှိသည်ကိုတွေ့မြင်ရမည်ဖြစ်ပါကြောင်း၊
 
 
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်မှ သင်ရိုးညွှန်းတမ်း Logo ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
 
ဆက်လက်၍ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့မှ မိမိတို့ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
 
 
ထို့နောက် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းများတွင် စတင်ကစားခဲ့သော ကလေးများအနေဖြင့်အောက်ခြေတွင်(အခြေခံအားကစားနည်း)များကို နားလည်ကြေညက်ခဲ့မှသာ အားကစား နှင့်ကာယပညာသိပ္ပံများအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းများ၊ ရပ်ကွက် များရှိ လူဦးရေထူထပ်သည့်နေရာများတွင် အားကစားကွင်း/ရုံများကို ပြုလုပ်သင့်ပါကြောင်း၊ အားကစားကွင်း/ရုံများနှင့် နီးစပ်သူများသည်အားကစားအတွက် ထူးချွန်ထက်မြက်သူများ ဖြစ်နိုင်ပါကြောင်း၊ နည်းပြများ၏ ကဏ္ဍများသည်လည်းအရေးကြီးပါကြောင်း၊ သင်ရိုးညွှန်းတမ်းအနေဖြင့် အားကစားသိပ္ပံများ၏ သင်ရိုးညွှန်းတမ်းများ (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းများအနေဖြင့် အောက်သက်ကျေရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းများမှ အားကစားသိပ္ပံသို့ပို့ဆောင်ရာတွင် အခြေခံကြေညက်ပြီးသည့်ကစားသမားဆိုပါက ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပါကြောင်း၊ သင်ရိုး ညွှန်းတမ်းတွင် ပုံများဖြင့်လည်း သင်ကြားသင့်ပါကြောင်းပြောကြားခဲ့သည်။

back to top Eng