skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၁၀)ရက်။

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး နေပြည်တော်ကြီးကြပ်မှုအောက်ရှိ မြို့နယ်ဘောလုံးကွင်းများအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ငွေလုံး၊ ငွေရင်း(တည်ဆောက်ရေး)လုပ်ငန်းများ တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် တင်ဒါကော်မတီဥက္ကဌ ဦးတင်ထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားကွင်း/အားကစားရုံ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီဝင်တာဝန်ရှိသူများ၊ လုပ်ကိုင်လိုသည့် လျှောက်လွာတင်ကုမ္ပဏီများမှ တာဝန်ခံများတက်ရောက်ခဲ့ကြသည်။

အစီအစဉ်ရ နေပြည်တော်ကောင်စီဝင်တင်ဒါကော်မတီ ဥက္ကဌ ဦးတင်ထွန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်သူပြည်သားများ ကျန်းမာကြံ့ခိုင်စေပြီး နိုင်ငံရဲ့အကျိုးကို ပိုမိုသယ်ပိုးနိုင်စေရန်ရည်ရွယ်၍ အားကစားကွင်းများ၊ ဆက်စပ်သော Facilities ၊ Infrastructuer များလုပ်ဆောင်နေသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယခုကုမ္ပဏီများမှ တင်သွင်းထားသောတင်ဒါများကို စီစစ်ရာတွင်နည်းပညာဆိုင်ရာကိစ္စရပ်များကို ဦးစားပေးစစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကုမ္ပဏီ profile ၊ ရုံးလိပ်စာတည်ရှိသည့် နေရပ်လိပ်စာအတိအကျ၊ ကုမ္ပဏီဖွဲ့စည်းပုံ၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ၊ Email များသည်လဲအရေးကြီးပါကြောင်း၊ ကုမ္မဏီအင်ဂျင်နီယာများအင်အား၊ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် မည်သည့်အဆင့်အတန်းလုပ်ငန်းအတွေ့အကြုံရှိမှု Certificate ရရှိမှု၊ နိုင်ငံတော်မှ အသိအမှတ်ပြုထားသောအဖွဲ့စည်းများမှ ထောက်ခံချက်လက်မှတ်များ၊ ကုမ္ပဏီ Registration စသည့်ကိစ္စရပ်များကို တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီမှ အမှတ်ပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇဗ္ဗူသီရီမြို့နယ်၊ ပုဗ္ဗသီရီမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ် ဘောလုံးကွင်းများအတွက် ငွေလုံး၊ ငွေရင်း(တည်ဆောက်ရေး)လုပ်ငန်းများအား ကုမ္မဏီများမှ တင်သွင်းလာသော တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးကြော်ငြာပြီး မှတ်တမ်းတင်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

တင်ဒါခေါ်ယူသည့် လုပ်ငန်း(၄)ခုနှင့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သော ကုမ္ပဏီ(၄၈)ခုရှိကြောင်း သတင်းရရှိသည်။

 


back to top Eng