မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်စတင်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း
မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် တရား၀င်မဖွဲ့စည်းမှီကတည်းက မြန်မာ့သိုင်းပညာ သည် မြန်မာ့တို့၏ ကိုယ်ပိုင်ရိုးရာ ခုခံကာကွယ် တိုက်ခိုင်နိုင်သော ပညာရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကိုယ်ခံပညာရပ်များသည် ရှေးလွန်ခဲ့သော (၈)ရာစုကတည်းက တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ပထမမြန်မာနိုင်ငံတော်ကို ခရစ် သက္ကရာဇ် (၁၀၄၄)ခုနှစ်တွင်် အနော်ရထားမင်းမှ စတင်တည်ထောင်ခဲ့ပါသည်။ အနော်ရထားမင်းမတိုင်မီ ပုဂံခေတ်တွင် သြဇာလွှမ်းမိုးခဲ့ကြသော ပွဲကျောင်းဆရာများသည် သိုင်း ပညာကိုအခြေခံ၍ သြဇာအာဏာ လွှမ်းမိုးမှုများရှိခဲ့ကြသည်။ ရှေးမြန်မာမင်းများလက်ထက် မြန်မာစစ်သည်များကို မြန်မာ့သိုင်းပညာကို အသုံးပြု၍ နိုင်ငံတော််ကို ကာကွယေ်စာင့်ရှောက်ခဲ့ကြသည်မှာ သမိုင်းအထောက်အထားများ ခိုင်လုံစွာတွေ့ရှိရပါသည်။ မြန်မာမင်းများလက်ထက် မင်းခမ်းမင်းနား အဆောင်အယောင်များတွင် သိုင်းတုတ်ကို ကိုင်ဆောင်၍ ရှေ့မှစောင့်ရှောက်ကာကွယ်ပေးရသူကို “ရှေ့သိုင်းကိုင်” ဟူ၍လည်းကောင်း၊ နောက်မှ သိုင်းတုတ်သိုင်းကိုင်၍ စာင့်ရှောက်ပေးရသူကို “ နောက််သိုင်းကိုင်” ဟူ၍ ခေါ် ဆိုခဲ့ကြပါသည်။
၁၈၂၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျူးကျော်စစ် (၃)ကြိမ်ကြောင့် ဓါး၊ လှံ၊ လက်နက်စွဲကိုင် တော်လှန်ရင်းမှ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသော
မြန်မာ့သိုုင်းပညာရပ်သည် ၁၉၂၀ ပြည့်နှစ် ဂျီစီ ဘီအေအဆောက်အဦး၏ အမျိုးသားလှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦးမေဓါ တို့က တစ်ဖက်တစ်လမ်းမှပါ၀င်ရင်း သိုင်းပညာရပ်များ ပြန့်ပွားခြင်းဖြင့်လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပါသည်။
နယ်ချဲ့ဗြိတိသျှ နှင့်ဖက်ဆစ်ဂျပန်များအုပ်စိုးစဉ်အခါက သိုင်းပညာသင်ကြားသူ လူငယ်များနှင့်သိုင်းပညာရှင်များကို ၄င်းတို့အား တော်လှန်ပုန်ကန်မည့် အရေးတွေးကြောက်
ကာ မြန်မာ့သိုင်းပညာ မပြန့်ပွားစေရေးအတွက် လက်နက် ဥပဒေများ ပြဌာန်းကာ နည်းလမ်းများဖြင့် တားဆီးပိတ်ပင်ခြင်း၊ အရေးယူ ဖမ်းဆီး အပြစ်ပေးခြင်း၊ ၄င်းတို့အား စိုး ရိမ် ကြောက်လန့်အောင်ပြုမှုခြင်း စသည်ဖြင့် အမျိုးမျိုးတားဆီး ချိုး နှိမ်ခဲ့ကြပါသည်။
နယ်ချဲ့ကျူးကျော်သူတို့၏ အမျိုးမျိုးသော ဖိနှိပ်မှုများအကြားမှ မျိုးချစ်စိတ်ဓါတ်ထက်သန်သော သိုင်းပညာရှင်များနှင့် လူငယ်များသည် နယ်ချဲ့သမားများမသိမမြင်နိုင် သည့် လူသူ ကင်းေ၀းလှသော တောတောင်များတွင်လည်းကောင်း မြေကျင်းများတူး၍ ညအချိန် လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း လျှို့၀ှက်စွာ ဆင့်ပွားသင်ယူကြ ရင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြပါသည်။
၁၃၀၀ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံမှစ၍ သိုင်းပညာရှင်များ၏ပါ၀င်ကြိုးစားမှုကြောင့် ဇာတိမာန်ထက််သန်သော ပြည်သူများအကြားတွင် သိုင်းပညာ ရပ်များ ပြန်လည်ထင်ရှားလာခဲ့ပါသည်။
၁၉၄၂ ခုနှစ်တွင်် မြန်မာ့သိုင်းပညာရပ်များ ထင်ထင်ပေါ်ပေါ် ပြန်လည််သင်ကြားနိုင်ခဲ့ပြီး ဂျပန်စစ်သားများ သယ်ဆောင်လာခဲ့သော ပညာရပ်များနှင့်အပြိုင် သင်ကြားကြ ရင်း အာရှလူငယ်ခေတ်တွင် အာရှလူငယ်အသင်းဥက္ကဌ ဦးဘဂျမ်း၊ အာရှလူငယ်အသင််း ဥာဏဗလ တာ၀န်ခံဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ သိုင်းပညာရှင် ဆရာကြီး ဦးပြည်သိမ်းတို့၏ ဦးဆောင်မှုနှင့် မျိုးချစ််လူငယ်များ၏ စည်းရုံးမှုဖြင့် ဒေါက်တာဘမော်အစိုးရက ၁၉၄၄ခုနှစ် မြန်မာပြည်လုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကေဘိုတိုင်ကျွန်း (ယခု ဗိုလ်ချုပ် ပန်းခြံနေရာ) တွင် ကျင်းပနိုင်ခဲ့ပါသည်။ ပထမအကြိမ် နိုင်ငံံလုံးဆိုင်ရာ ဗန်တို၊ ဗန်ရှည်ပြိုင်ပွဲကို ၁၉၈၄ခုနှစ် တွင် ရန်ကုန်မြို့၊ ကိုယ်မင်းကိုယ့်ချင်းလမ်း၊ ခြံအမှတ်(ဂ) (ယခု ပန်းချီ ပန်းပု အနုပညာကျောင်း)တွင်လည်းကောင်း၊ ဒုတိယအကြိမ်ပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် ရန်ကုန်မြို့ အောင်ဆန်း အား ကစားပြိုင်ပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစိုးရမှ အသိအမှတ်ပြုသော မြန်မာ့သိုင်းပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သိုင်းပညာရှင်များ စုပေါင်းမိပြီး သိုင်းပညာပြန့်ပွားရေးအတွက် စဉ်ဆက် မပြတ်ကြိုးပမ်းခဲ့ရာ ပြည်ပ ဧည့်သည်တော်များ မြန်မာ့သိုင်းပညာပြသခြင်း၊ တရုတ်ပြည်၀ူရှူးပညာရှင်များအား ဧည့်ခံံပြသခြင်း၊ ရဲတပ်ဖွဲ့၀င်၊ တပ်မတော််၊ တက္ကသိုလ်သိုင်း သင်တန်းများ ပို့ချခြင်းစသော သိုင်းပညာထိန်းသိန်းပြန့်ပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၉၆၃ ခုနှစ်၊ ဦးဇော်၀ိတ် (အား/ကာ-ညွှန်ချုပ်ဟောင်း)၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကိုဖွဲ့စည်းနိုင်ရန် ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။ အားကစားနှင့်ကာယ ပညာဦးစီးဌာန ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဖွဲ့စည်းရန်အတွက် နိုင်ငံတော်၏ အားကစားလုပ်ငန်းများကို အနီးကပ်ဆောင်ရွက်ခဲ့ပါသည်။