skip to content

မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ

နေပြည်တော်

ရုံးအမိန့်စာအမှတ် (၂/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၃) ရက်

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်)

၁။      တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူများ၏ အားကစားနှင့် ကာယပညာ တိုးတက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် "မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီ" ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည် -

          (က)    ပြည်ထောင်စုဝန်ကြီး                                         ဥက္ကဌ

                   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

          (ခ)     ဒုတိယဝန်ကြီး                                                 ဒုတိယဥက္ကဌ

                   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

          (ဂ)     အမြဲတမ်းအတွင်းဝန်                                         အဖွဲ့ဝင်

                   ပြည်ထဲရေးဝန်ကြီးဌာန

          (ဃ)    အမြဲတမ်းအတွင်းဝန်                                         အဖွဲ့ဝင်

                   ကာကွယ်ရေးဝန်ကြီးဌာန

          (င)     အမြဲတမ်းအတွင်းဝန်                                         အဖွဲ့ဝင်

                   ပညာရေးဝန်ကြီးဌာန

          (စ)     ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး)                          အဖွဲ့ဝင်

                   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန        

          (ဆ)    ညွှန်ကြားရေးမှူးချုပ်                                        အတွင်းရေးမှူး

                   အားကစားနှင့်ကာယပညာဦးစီးဌာန

၂။       "မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီ" ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)    ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများ လမ်းညွှန်မှုများနှင့်အညီ အားကစား နှင့် ကာယပညာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

(ခ)     တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရန် အားကစားနှင့် ကာယပညာ ဖြင့် အကောင်အထည်ဖော်ခြင်း။

(ဂ)     လူတစ်စုအားကစားမှ လူထုအားကစားအဖြစ်သို့ ရောက်ရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

                      (ဃ)    ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ခြင်း။

          (င)     ဌာနဆိုင်ရာ အားကစားနှင့်ကာယပညာကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ နှင့် ပြည်ထောင်စု                     နယ်မြေ အားကစားနှင့် ကာယပညာကော်မတီတို့ကို ဖွဲ့စည်းနိုင်ရန် ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူခြင်း။

(စ)     အမျိုးသားအားကစားပြိုင်ပွဲ နှင့် အားကစားနည်းအလိုက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာ            ကော်မတီတို့နှင့် ပေါင်းစပ်ကျင်းပပေးခြင်း။

(ဆ)    ဗဟိုကော်မတီက သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ရန်ပုံငွေ ရှာဖွေသုံးစွဲခြင်း။

(ဇ)     ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် မြေနေရာ ရရှိမှုအပေါ်မူတည်၍ အားကစားကွင်းများဖော်ထုတ်ခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု             များ    ပါဝင်သည့် မြို့နယ်အားကစားပြိုင်ပွဲများ ကျင်းပခြင်း နှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ခြင်းတို့ကို တိုင်းဒေသကြီး သို့မဟုတ်            ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် အားပေးခြင်း။

(ဈ)     ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း။

 

                                                                                                                                  (ဒေါက်တာမြင့်ထွေး)

       ဥက္ကဌ

              မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ

                        ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

စာအမှတ် ၊ ၃/၀၀၇ - အဖခ/အလပ

ရက်စွဲ      ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၀) ရက်

 


back to top Eng