skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၂၃)ရက်။                    

မြန်မာ့အားကစား အဆင့်အတန်းတိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့်ကာယပညာဦးစီးဌာန အရာထမ်းများ ပါဝင်ဖွဲ့စည်းထားရှိရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ် ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဒုတိယဝန်ကြီး လမ်းညွှန်ချက်နှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များတွင် ဒုတိယညွှန်ကြားရေးမှူးအထက် အရာထမ်းများအား တစ်ဦးလျှင် အဖွဲ့ချုပ်တစ်ခုစီ၌ တာဝန်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များတွင် ၂၀၁၅ခုနှစ်၊ နှစ်ပိုင်းမှစ၍ ညွှန်ကြားရေးမှူးနှင့် အထက်အရာထမ်း(၁၃)ဦးအား အားကစားအဖွဲ့ချုပ် အသီးသီး၌ ဒုတိယ ဥက္ကဌများအဖြစ် ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အားကစားအဖွဲ့ချုပ်(၄၄)ဖွဲ့ ရှိပါကြောင်း အတည်ပြု မိန့်ထုတ်ပြန်ရန် ကျန်ရှိသည့် ရေကူး၊ ဝူရှူး၊ ခြေလျင်တောင်တက်အဖွဲ့ချုပ် (၃)ဖွဲ့ ကျန်ရှိ ပါကြောင်း၊ အားကစာအဖွဲ့ချုပ်(၄၁)ဖွဲ့ကို အတည်ပြု ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်(၄၁)ဖွဲ့တွင် အားကစားနည်း(၂၅)နည်း၌ အားကစား နှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်း(၁၇)ဦးရှိပါကြောင်း၊ ကျန်ရှိသည့် အဖွဲ့ချုပ်များတွင် တာဝန်ပေးအပ်ရန်အတွက် သင့်တော်သူများအား ဝိုင်းဝန်းဆက်လက် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တင်ပြဆွေးနွေးရာတွင် ဦးစားပေး(Priority)ခွဲပြီး တကယ်လုပ်နိုင်သော သူတွေ ကိုသာ ဦးစားပေး ရွေးချယ်သင့်ပါကြောင်း၊ တချို့သော ဒုတိယညွှန်ကြားရေးမှူးများအနေဖြင့် အတွေ့အကြုံနှင့်  ဆက်စပ်မှုများ  အားနည်းသောကြောင့် ဌာန၏ပုံရိပ်(Image)ကို  ဂရုပြုသင့်ပါကြောင်း၊ ထို့ကြောင့် ဦးစားပေး(Priority)A,B,Cခွဲပြီး ဦးစားပေး အစီအစဉ်တိုင်း တကယ် တာဝန်ယူနိုင်တဲ့သူများကိုသာ တာဝန်ပေးသင့်ပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တင်ပြဆွေးနွေးရာတွင် ရာထူးကန့်သတ်ချက်သာမက အတွေ့အကြုံရှိသူများကိုလည်း ဦးစားပေး စဉ်းစားသင့်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များနှင့် ဆက်စပ် ဝင်ဆံ့နိုင်သူများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ တင်ပြဆွေးနွေးရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ အနေဖြင့် လိမ္မာပါးနပ်စွာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်သောသူများကို ဦးစားပေး စဉ်းစားသင့်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များမှ လိုအပ်သောသူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အမှန်တကယ် ပေးအပ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပြီး သဘောထား တိုက်ဆိုင်သူများအား တာဝန်ပေးအပ်ပြီးပါက လုပ်ဆောင်ရမည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ သတ်မှတ် ပေးနိုင်ရန် ပိုမိုကောင်းမွန်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အထွေထွေတင်ပြဆွေးနွေးရာတွင် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ အားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများအား ရာထူးသတ်မှတ်ချက်ထက် အမှန်တကယ် တတ်ကျွမ်း နားလည်သူ အဖွဲ့ချုပ်များနှင့် ဆက်ဆံမှု ကောင်းမွန်သူ အဖွဲ့ချုပ်များတွင် တွဲဖက်အတွင်းရေးမှူး(သို့) အတွင်းရေးမှူး ခန့်အပ်နိုင်ရေး ကိစ္စရပ်များ တာဝန်ပေးသူများအား သတ်သတ်မှတ်မှတ် မူဝါဒ လမ်းညွှန်မှုများ ပေးနိုင်ရေး ကိစ္စရပ်များ၊ အားကစားအဖွဲ့ချုပ်များနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန အပတ်စဉ်(သို့)လစဉ် တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်နိုင်ရေး ကိစ္စရပ်များ ဝိုင်းဝန်း ဆွေးနွေးကြပြီး ထိုအဖွဲ့ချုပ် အလိုက် တာဝန်ပေးအပ်မည့် ဝန်ထမ်းအရာရှိများအား ဝိုင်းဝန်းဆွေးနွေး လျာထားခဲ့ကြပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် Asian University Games (AUG) ကို ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် ဘောလုံး(ကျား)၊ပိုက်ကျော်ခြင်း ဝူရှူး၊ မြားပစ်၊ ကရာတေးဒို စသည့်အားကစားနည်း(၅)မျိုးကို ဆုတံဆိပ်ရရှိအောင် ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြစေလိုကြောင်း၊AUG ဝင်ပြိုင်မည့်အားကစားသမားများကို နေပြည်တော်တွင် Camp ဝင်နိုင်အောင် ကြိုးစားနေပါကြောင်း၊ SEA Games တွင်လည်း အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အဖွဲ့ချုပ် Covid-19နှင့်အညီ စခန်းသွင်း လေ့ကျင့်နိုင်ရေး ကိစ္စရပ်များ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

         

 

         

 


back to top Eng