မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ
နေပြည်တော်
ရုံးအမိန့်စာအမှတ် (၁၂၈/၂၀၂၀)
နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း (၁) ရက်
(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်)
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး နှင့် အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် "မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ" ကို အောက်ပါပုဂ္ဂိုလ်များပါဝင်သော အဖွဲ့ဝင် (၃၀) ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-
(၁)
ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
ဥက္ကဌ
(၂)
ဒေါက်တာမြလေးစိန်
ဒုတိယဝန်ကြီး
ဒုတိယဥက္ကဌ
(၃)
ဦးဇော်ဇော်
ဥက္ကဌ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
အဖွဲ့ဝင်
(၄)
ဦးမိုးမြင့်
ဥက္ကဌ၊မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်
(၅)
ဦးဇေသီဟ
ဥက္ကဌ၊မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်
(၆)
ဦးကျော်ဝင်း
ဥက္ကဌ၊မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်
(၇)
ဦးထွန်းမြင့်နိုင်
ဥက္ကဌ၊မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်
(၈)
ဦးခင်မောင်ဝင်း
ဥက္ကဌ၊မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်
(၉)
ဦးပြုံးမောင်မောင်
ဥက္ကဌ၊မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်
(၁၀)
ဦးကိုကိုအေး
ဥက္ကဌ၊မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်
(၁၁)
ဦးထွန်းထွန်း
ဥက္ကဌ၊မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်
(၁၂)
ဦးကျော်ကျော်
ဥက္ကဌ၊မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်
(၁၃)
ဦးမြဟန်
ဥက္ကဌ၊မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်
(၁၄)
ဦးသောင်းထိုက်မင်း
ဥက္ကဌ၊မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်
(၁၅)
ဦးစောလုလုထော်
ဥက္ကဌ၊မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်
(၁၆)
ဦးအောင်ပိုင်
ဥက္ကဌ၊မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်
(၁၇)
ဦးကျော်မိုးဝင်း
ဥက္ကဌ၊မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်
(၁၈)
ဦးကျော်မိုးနိုင်
ဥက္ကဌ၊မြန်မာနိုင်ငံ Fencing အဖွဲ့ချုပ်
(၁၉)
ဦးတောက်ထွန်း
ဥက္ကဌ၊မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်
(၂၀)
ဦးရှိန်ဝင်း
ဥက္ကဌ၊မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်
(၂၁)
ဦးကျော်ကျော်စိုး
ဥက္ကဌ၊မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်
(၂၂)
ဦးကောင်းဇော်
ဥက္ကဌ၊မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်
(၂၃)
ဦးသန်းလွင်
ဥက္ကဌ၊မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်
(၂၄)
ဦးဥဂ္ဂါအေး
ဥက္ကဌ၊မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်
(၂၅)
ဦးရဲထွန်း
ဥက္ကဌ၊မြန်မာနိုင်ငံနပမ်းအဖွဲ့ချုပ်
(၂၆)
ဗိုလ်ချုပ်ဝင်းလွင်
ဥက္ကဌ၊မြန်မာနိုင်ငံမသန်းစွမ်းသူများအားကစားအဖွဲ့ချုပ်
(၂၇)
ဒေါက်တာဝင်းဇော်
ဥက္ကဌ၊မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်
(၂၈)
ဦးသိန်းထွန်းလတ်
ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ဘဏ္ဍာရေးမှူး
(၂၉)
ဦးခွန်ဂျာအောင်
ညွှန်ကြားရေးမှူး၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တွဲဖက်အထွေထွေအတွင်းရေးမှူး
(၃၀)
ဦးမျိုးလှိုင်
ညွှန်ကြားရေးမှူးချုပ်၊အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အတွင်းရေးမှူး
(ဒေါက်တာမြင့်ထွေး)
မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ
ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
စာအမှတ် ၊ ၂(၁၃)/မူဝါဒ(အားကစား)
ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
- ၁၉၆၄ ခုနှစ်၊ နို၀င်ဘာလ (၂၆) ရက်တွင် စတင်ဖွဲ့စည်းသည်။
- ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၉)ရက်တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ မှ အဖွဲ့၀င်အဖြစ် တရား၀င်သတ်မှတ်သည်။
- ၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉)ရက်တွင် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေအခန်း(၅)အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်း တာ၀န်ပေးသည်။ - ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ အမိန့်ကြော််ငြာစာအမှတ်၁/၉၉)ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။
- နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး၏ (၂၆ - ၄ - ၂၀၀၅) ရက်စွဲပါ စာအမှတ်၊ ၁၀၀ / နယက(ဥ)ကစ ခွင့်ပြုချက်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို ပြင်ဆင် ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။
-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂)ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်
- ပြည်ထောင်စုဝန်ကြီး ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှကိုယ်စားလှယ်များ အဖွဲ့ဝင်များ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းတာ၀န်များ (၁) မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီက ချမှတ်ပေးသည့် မူဝါဒများ၊ လမ်းညွှန်မှုများနှင့် အညီ အားကစားလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၂) အိုလံပစ်လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကိုလုပ်သားပြည်သူတို့ သိရှိနားလည် စေရေး အတွက် ဆောင်ရွက်ခြင်း။ (၃) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့်ဒေသဆိုင်ရာ အားကစားပြိုင်ပွဲ တွင် မြန်မာအားကစားအဖွဲ့များပါ၀င်ယှဉ်ပြိုင်နိုင်ရေးအတွက်ဆောင်ရွက်ခြင်း။ (၄) ဤဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့အကြား ဆက်သွယ်ပေါင်းကူးပေးခြင်း။ (၅) ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အကူအညီဖြင့် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် ပြည်ပ၌ ဖွင့်လှစ်သောသင်တန်းများသို့ သင်တန်းသားများ စေလွှတ်နိုင်ရန် အဖွဲ့ချုပ်များနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးခြင်း။ (၆)ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာအားကစားပြိုင်ပွဲ များကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်နိုင်ရန် ဆက်သွယ် ဆောင်ရွက်ခြင်း။ (၇) မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီက အခါအားလျော်စွာပေးအပ်သည့် တာ၀န်များကို ဆောင်ရွက်ခြင်း။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(အသစ်)
- ၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉)ရက်တွင် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေအခန်း(၅)အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်း တာ၀န်ပေးသည်။
- ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ အမိန့်ကြော်ငြာစာအမှတ်၁/၉၉)ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံ အမျိုသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂)ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည် -
(၁) မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီက ချမှတ်ပေးသည့် မူ၀ါဒများ၊ လမ်းညွှန်မှုများနှင့်အညီအားကစားလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(၂) အိုလံပစ်လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကိုလုပ်သားပြည်သူတို့သိရှိနားလည်စေရေး အတွက် ဆောင်ရွက်ခြင်း။
(၃) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့်ဒေသဆိုင်ရာ အားကစားပြိုင်ပွဲ တွင် မြန်မာအားကစားအဖွဲ့များပါ၀င်ယှဉ်ပြိုင်နိုင်ရေးအတွက်ဆောင်ရွက်ခြင်း။
(၄) ဤဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့အကြား ဆက်သွယ်ပေါင်းကူးပေးခြင်း။
(၅) ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အကူအညီဖြင့် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် ပြည်ပ၌ ဖွင့်လှစ်သောသင်တန်းများသို့ သင်တန်းသားများ စေလွှတ်နိုင်ရန် အဖွဲ့ချုပ်များနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခြင်း။
(၆) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာအားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်နိုင်ရန် ဆက်သွယ်ဆောင်ရွက်ခြင်း။
(၇) မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီက အခါအားလျော်စွာပေးအပ်သည့် တာ၀န်များကို ဆောင်ရွက်ခြင်း။