skip to content

ရန်ကုန်၊ ဇွန်(၂၆) ရက်နေ့။    

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် နည်းပြများ၏ နည်းပြချုပ်၊ နည်းပြ၊ Trainer,Helper သတ်မှတ်နိုင်ရေး၊ သင်တန်းသားများ စေလွှတ်၍ နည်းပြများ ရရှိအောင် ဆောင်ရွက်နိုင်မှုနှင့်  အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ သင်ရိုး ညွှန်းတမ်းများ အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၀၉:၀၀) နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အကြိုပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့  အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုး ၊ ရန်ကုန်တိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဌများနှင့် အထွေထွေအတွင်းရေးမှူးများ အားကစားနည်းအလိုက် တာဝန်ခံများ တက်ရောက်ကြသည်။

အစီအစဉ်အရ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်ဖို့အတွက် နည်းပြချုပ်များ/ နည်းပြများ၏ အရည်အသွေးသည် နိုင်ငံတကာနှင့်ယှဉ်လျှင် တဖြည်းဖြည်း ကျဆင်းလာနေတာကို တွေ့နေရပြီး နိုင်ငံတကာပြိုင်ပွဲများတွင် နေ့စဉ်နှင့် အမျှ နည်းစနစ်များဟာ သိပ္ပံနည်းကျကျ တိုးတက်လာနေတာကို တွေ့ရမှာဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ တာဝန်ပေးအပ်သည့် နည်းပြချုပ်/ လက်ထောက်နည်းပြများ Trainer,Helper များ၏ အရည်အသွေးသည်လည်း တိုးတက်ဖို့လိုအပ်မှာဖြစ်ပါကြောင်း အဖွဲ့ချုပ်များအနေဖြင့်လည်း နည်းပြတစ်ဦး၏ အရည်အချင်း သတ်မှတ်ရာတွင် Diplomer Skill (သို့)Performance Skill ခွဲခြားသတ်မှတ်နိုင်ရေး ပြည်ပနည်းပြသင်တန်းများစေလွှတ်ရာတွင် နည်းပြများ၏ အသက်အရွယ်၊ အရည်အချင်းနှင့် ဘာသာစကားကျွမ်းကျင်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ နည်းပြတစ်ဦး၏ ဆောင်ရွက်ချက်၊ ကျွမ်းကျင်မှု၊ အောင်မြင်မှု၊ လုပ်သက်ကို ကြည့်၍ Level ခွဲသတ်မှတ်နိုင်မှု  Level ခွဲသတ်မှတ်ရာတွင် နည်းပြများ၏ စဉ်းစားတေွးခေါ်မှုပိုင်းဆိုင်ရာ (Philosophy)ဖွံ့ဖြိုး တိုးတက်လာအောင် နည်းပြများနှင့် အားကစားသမားဆက်ဆံမှု၊ သင်ကြားပြသမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Teaching Skill) တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှု အားကစားသမားတစ်ဦးအား ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပြသပေးနိုင်မှု၊(Athlete Development) ကိုယ်တိုင်နားလည် တတ်ကျွမ်နိုင်မှု ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု (Physical Fitness) ရှိလာအောင် သင်ကြားပြသနိုင်မှု လေ့ကျင့်ရေးအစီအစဉ် (Trainning Program) ကို နားလည်တတ်ကျွမ်းပြီး ကိုယ်တိုင် ရေးဆွဲပြသနိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ(Mental) ဖွံ့ဖြိုးတိုးတက်လာအောင် ကိုယ်တိုင်နားလည် တတ်ကျွမ်းမှုများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ပြီး ကိုယ်တိုင်လည်း တတ်ကျွမ်းပါမှ နည်းပြချုပ်/ နည်းပြအရည်အသွေး တိုးတက်ပါမှ မိမိတာဝန်ယူထားသည့် အားကစား အရည်အသွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည်၊ ကြံ့ခိုင်မှု တိုးတက်မှာ ဖြစ်သည့်အတွက် နည်းပြများ၏ အရည်အချင်းကို အခုလိုသတ်မှတ်ပေးဖို့ အဖွဲ့ချုပ်များအနေဖြင့် ဦးစွာဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ သင်ရိုးညွှန်းတမ်းများ အတည်ပြုနိုင်ရေးအတွက် အားကစားနည်းအလိုက် အားကစားသမားများ၏ ကိုက်ညီသော အဆင့်မှီ အခြေခံ အလယ်အလတ် အဆင့်မြှင့်သည့် သင်ရိုးညွှန်းတမ်းများဖြင့် သက်ဆိုင်ရာ စာအုပ်များကို မှီငြမ်းကာ အဆင့်မြင့်ပညာရေး သင်ကြားနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း စေလိုပါကြောင်း အားကစားနည်းအလိုက် ဆွေးနွေးညှိနှိုင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပထမနေ့အဖြစ် မနက်ပိုင်း၌ ကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဌနှင့် လှေလှော်၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ဗိုဗီနမ်၊ လက်ဝှေ့အဖွဲ့ချုပ်တို့မှ အထွေထွေအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများကလည်းကောင်း၊ နေ့လည်ပိုင်း တွင် မြန်မာနိုင်ငံဟော်ကီ အဖွဲ့ချုပ်၊ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်၊ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌများနှင့် ဂျူဒို၊ စက်ဘီး၊ တိုက်ကွမ်ဒို၊ ရွက်လှေအားကစားနည်းများမှ တာဝန်ခံများ တက်ရောက်ကြပြီး မိမိတို့အဖွဲ့ချုပ် အလိုက် အရည်အချင်းနှင့် ပြည့်မှီသည့် နည်းပြချုပ်၊ နည်းပြ၊ Trainer,Helper များ၏ တစ်ဦးချင်းစီအလိုက် အရည်အချင်းနှင့် ကျွမ်းကျင်မှု၊ Diplomer Skill (သို့) Performance Skill ကျွမ်းကျင်မှုများကို သက်ဆိုင်ရာ အားကစားနည်းအလိုက် ရှင်းလင်းတင်ပြသတ်မှတ်ပေးခဲ့ပြီးနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ အဖွဲ့ချုပ်များမှ ပေါင်းစပ်လုပ်ဆောင် ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး အဖွဲ့ချုပ်မှ သတ်မှတ်ပေးသည့် နည်းပြများအား အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ နိဂုံးချုပ် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို မနက်ဖြန် ဇွန်လ(၂၆)ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယနေ့ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၂၆)ရက်နေ့တွင် နံနက်ပိုင်းနှင့် ညနေပိုင်း အစီအစဉ်များခွဲခြား၍ ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဦးက အဖွင့် အမှာစကားပြောကြားပြီး ရေကူး၊ ဘိုလင်း၊ တင်းနစ်၊ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ ကြက်တောင်၊ ဂေါက်သီး၊ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်များနှင့် နံနက်ပိုင်းတွင် လည်းကောင်း ၊ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ၊ အလေးမ၊ ကရာတေး၊ ခရစ်ကတ်၊ ကာယဗလနှင့် ကြံ့ခိုင်မှု၊ ဘောလုံး၊ နပန်း ၊ မြား၊ ကမ်ပို စသည့်အဖွဲ့ချုပ်အသီးသီးများနှင့် ညနေပိုင်းတွင်လည်းကောင်း ဆွေးနွေးခဲ့ရာတွင် အဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် သဘောသဘာဝအရ နည်းပြချုပ်၊နည်းပြ (Coach)၊အကူနည်းပြ(Helper) ၊ လေ့ကျင့်ပေးသူ(trainer) အဆင့်ခွဲခြားသတ်မှတ်နိုင်ရေးတွင် ဆောင်ရွက်ထားရှိမှုနှင့် အခက်အခဲများ၊ Covid-19 အလွန် ကာလတွင် ဆောင်ရွက်လိုမှုများကို တင်ပြရာ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)နှင့် (၂)မှ ညွှန်ကြားရေးမှူးများက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(၃)မှ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတို့၏ လမ်းညွှန်ချက်၊ လိုလားချက်များကို ရှင်းလင်းပြောကြားပြီး Covid-19 စည်းမျဉ်း စည်းကမ်းနှင့်အညီ အစည်းအဝေးတက်ရောက်လာသော အဖွဲ့ချုပ်များ သဘောတူညီချက်ဖြင့် အားကစားတိုးတက်အောင်မြင်ရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်အတွက် Video Conferencing System (Zoom) နှင့်သော်လည်းကောင်း ၊ အစည်းအဝေးခေါ်ယူ၍သော်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသွားသည်။

          


back to top Eng