skip to content

 

နေပြည်တော် ဒီဇင်ဘာလ ၁၄ရက်

မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်း စဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ဗန်းမော်မြို့၊ ဗိုလ်ချုပ်လမ်းနှင့်ဂျူဗလီလမ်းလေးထောင့်၌ ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းခရိုင်မန်နေဂျာဦးတင်ကိုကို၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီးဦးအောင်သူ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမန်နေဂျာ ဦးသိန်းလွင်၊ ခရိုင်ဒုတိုင်းရင်းဆေးမှူး ဒေါ်ခန့်ခန့်စိုး၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့်သစ်တောဝန်ထမ်းများ၊ မြို့နယ်သတ္တုလုပ်ငန်းရှင်များ အသင်းတို့က ပြည်သူများ အား နှာခေါင်းစည်း(၂၅၀၀)ခု၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်(၂၀၀)ခု ဖြန့်ဝေပေးအပ်ခဲ့သည် အလားတူ ဗန်းမော်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ဖြင့် လိုက်ပါဆောင်ရွက်ကြသော Fitness Danceအဖွဲ့က COVID-19ရောဂါ ကျန်းမာရေး အသိပညာပေးခဲ့ပြီး အစီအစဉ် ဖြစ်မြောက်ရေး အတွက် ရွှေရတနာထိုက်ကုမ္ပဏီလီမိတက်က ကူညီပံ့ပိုးပေးခဲ့သည်။ အဆိုပါနှာခေါင်းစည်းဝေငှခြင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး အပါတ်စဉ်တနင်္ဂနွေနေ့တိုင်းပြုလုပ်ခဲ့သည်မှာ (၇)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များကို ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် (၁၂.၁၂.၂၀၂၀)နှင့်  မိုးညိုမြို့နယ်တွင်(၁၃.၁၂.၂၀၂၀)ရက် နေ့၌လည်းကောင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင်(၁၀.၁၂.၂၀၂၀) ရက်နေ့၌လည်ကောင်း ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

 

 

 


back to top Eng