နေပြည်တော်၊ စက်တင်ဘာ (၂၀) ရက်
မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနအောက်ရှိ မန္တလာသီရိ အားကစား ကွင်းအတွင်းရှိ ( Multipurpose Stadium) ပြင်ဆင်ထားရှိမှု အခြေအနေအား မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၁၉.၁၀.၂၀၂၀) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန် တွင် မန္တလာသီရိ အားကစားကွင်းအတွင်းရှိ (Multipurpose Stadium) တွင် Covid-19 ကူးစက်မြန်ရောဂါ (Negative) ဖြစ်သည့် စောင့်ကြည့်လူနာ(၂၀၀)ဦး ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။