skip to content

အားကစားနှင့်ကာယပညာဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နေမှု

 

အားကစားနှင့်ကာယပညာဦးစီးဌာနကို အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည် -


(၁) စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ

(၂) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)

(၃) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)

(၄) အားကစားကွင်း/အားကစားရုံဌာနခွဲ

(၅) လူထုအားကစားနှင့် ပညာပေးဌာနခွဲ

(၆) အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ

(၇) အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ

(၈) အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ

(၉) အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)

(၁၀)အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)

(၁၁)အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)

(၁၂)အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)

(၁၃)အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)

(၁၄)အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)

(၁၅)တိုင်းဒေသကြီးပြည်နယ်/ခရိုင်/မြို့နယ်ရုံးများ

(၁) စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏လုပ်ငန်းတာဝန်များ

၁။  ဝန်ထမ်းရေးရာကိစ္စများဆောင်ရွက်ခြင်း၊

၂။  စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက်ခြင်း၊

၃။  ဘဏ္ဍာရေးဆိုင်ရာကိစ္စအဝဝဆောင်ရွက်ခြင်း၊

၄။  သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ်ပါပစ္စည်းများဝယ်ယူသိုလှောင်ထိန်းသိမ်းခြင်းဖြန့်ဖြူးပေးခြင်း၊

၅။ တိုင်းဒေသကြီး/ပြည်နယ်ခရိုင်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာ ရေးရာကိစ္စများဆောင်ရွက်ပေးခြင်း၊

၆။ စီမံကိန်းရေးဆွဲရေးအတွက်လိုအပ်သောအချက်အလက်များကိုစုစည်းခြင်း၊ စိစစ်ခြင်း၊ ရေးဆွဲပြုစုခြင်း များအတွက်သက်ဆိုင်ရာဌာနခွဲများသို့ညှိနှိုင်းဆောင်ရွက်ခြင်း၊

၇။ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ သတ်မှတ်ထားသော အစီရင်ခံစာများပုံမှန်တင်ပြရေး ကြပ်မတ်ခြင်း၊

 

(၂) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ၏ လုပ်ငန်းတာဝန်များ

၁။ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားပြိုင်ပွဲကိစ္စအဝဝကို တာဝန်ယူ ကျင်းပပေးခြင်းနှင့် အခြားလူထုလူတန်းစားနှင့် အဖွဲ့အစည်းအသီးသီးမှကျင်းပသော ပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ခြင်း၊

၂။ အပြည်ပြည်ဆိုင်ရာနှင့်ပတ်သက်သော အားကစားကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

၃။ အားကစားအဆင့်အတန်းမြင့်မားရေးအတွက် လေ့ကျင့်သင်ကြားမှုကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

၄။ နည်းပညာဆိုင်ရာ တိုးတက်မြင့်မားရေးနှင့် မျိုးဆက်သစ်နည်းပြနှင့် အားကစားသမားများ မွေးထုတ်ရေး ကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊

 

(၃) ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန (၂)၏လုပ်ငန်းတာဝန်

၁။ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပ၍ပြည်ပသို့အားကစားပြိုင်ပွဲများစေလွှတ် ယှဉ်ပြိုင်စေခြင်း၊

၂။ နိုင်ငံတကာအားကစားအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ဖိတ်ခေါ်အားကစားပြိုင်ပွဲများသွားရောက် ယှဉ်ပြိုင်စေခြင်း၊ ပြည်တွင်း၌ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပရေးအတွက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

၃။ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တင်ပြလာသောနိုင်ငံတကာ အားကစားအသင်းများ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့သွား ရောက်ယှဉ်ပြိုင်ခြင်းများကို အစီအစဉ်ရေးဆွဲ၍ တာဝန်ရှိသူအဆင့်ဆင့်တင်ပြ အတည်ပြုချက်ရယူဆောင်ရွက်ပေးခြင်း၊

၄။ ပြည်ပနိုင်ငံများသို့စေလွှတ်မည့် အားကစားအဖွဲ့အစည်းများ၊ နည်းပြဆရာများ၊ အားကစားလေ့လာရေး အဖွဲ့များ၊ အစည်းအဝေး၊ ဆွေးနွေးပွဲသင်တန်းများ တက်ရောက်စေခြင်းစသည့် ကိစ္စအဆင့်ဆင့် တင်ပြ အတည်ပြုချက်ရယူဆောင်ရွက်ခြင်း၊

၅။ အစိုးရအဖွဲ့သို့ တင်ပြမည့်အမှာစာများ၊ နိုင်ငံခြားရေးရာမူဝါဒကော်မတီသို့ တင်ပြမည့်အမှာစာများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးခွင့်ပြုချက်ရရှိပြီးပါကအချိန်မီပြုစုတင်ပြခြင်း၊

၆။ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီး၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အား ကစားသမားများအား ခေတ်မီအားကစားနည်းစနစ်များအားစနစ်တကျလေ့ကျင့်သင်ကြားပေးခြင်း၊

၇။ နိုင်ငံခြားနည်းပြဆရာများ ငှားရမ်းခြင်း၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်ခြင်းကိစ္စများအားအဆင့်ဆင့် တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခြင်း၊

၈။ အားကစားနည်းအလိုက်နိုင်ငံတကာစံချိန်၊စံညွှန်းများအား စနစ်တကျပြုစုထားရှိခြင်း၊

 

(၄) ကစားကွင်း/ကစားရုံဌာနခွဲ၏လုပ်ငန်းတာဝန်

၁။ အားကစားကွင်း၊ အားကစားရုံတည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းကိစ္စ အဝဝကိုတာဝန်ခံဆောင်ရွက်ခြင်း၊

၂။ ပြည်နယ်/တိုင်း၊ မြို့နယ်များတွင်နိုင်ငံတော်မှခွဲဝေချထားပေးသော ရန်ပုံငွေနှင့် ပြည်သူများထည့်ဝင်သည့် ရန်ပုံငွေများဖြင့် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို အားကစားလေ့ကျင့် ယှဉ်ပြိုင်ခြင်းအတွက် လိုအပ်ချက်နှင့် အညီ ဖြစ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်ခြင်း၊

၃။ မီတာ(၄၀၀)ပြေးလမ်း အပါအဝင် နိုင်ငံတကာစံချိန်စံညွှန်းမီ အားကစားကွင်းများ မရှိသေးသော  မြို့ နယ်၊ အထက်တန်းကျောင်းရှိ ကျေးရွာအုပ်စုများတွင်၎င်းအားကစားကွင်းများ တည်ဆောက်ရေးကိစ္စကို သက်ဆိုင်ရာမြို့နယ်အားကစားနှင့် ပညာပေးကော်မတီများသို့ထောက်ပံ့ကြေးငွေ ချမှတ်ပေးရန်နှင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊

၄။ အားကစားကွင်း/ အားကစားရုံတည်ဆောက်ခြင်း/ တိုးချဲ့ခြင်းပြုပြင်မွမ်းမံခြင်းများ အတွက်သက်ဆိုင်ရာ ပြည်နယ် /တိုင်း၊ မြို့နယ်များမှလိုအပ်သောအဆောက်အဦပုံစံ၊ BQ၊ ဂတိစာချုပ်စာတမ်းနှင့် အခြား လိုအပ်သောအထောက်အထားများရရှိ ရန်ဆောင်ရွက်ခြင်းနှင့် ၎င်းလုပ်ငန်းအတွက်လစဉ်တိုးတက်မှု အစီရင်ခံစာများရရှိရေးအတွက်ဆောင်ရွက်ခြင်း

၅။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်/တိုင်း၊ မြို့နယ်များရှိ အားကစား အဆောက်အအုံ များ၏မြေဂရံ၊ အဆောက်အဦဂရံများကိုရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း၊

၆။ အားကစားနှင့်ကာယပညာဦးစီးဌာန အောက်ရှိအားကစားကွင်း၊ အားကစားရုံများ အစဉ်အမြဲ သန့်ရှင်းမှု ရှိရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက်တာဝန်ယူစီမံဆောင်ရွက်ခြင်း၊

၇။ အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပသော အားကစားပြိုင်ပွဲများ၊ အဖွဲ့ချုပ်များမှ ကျင်းပသော ပြိုင်ပွဲများနှင့် အခြားဝန်ကြီးဌာနများမှကျင်းပသော အားကစားပြိုင်ပွဲများအတွက် လိုအပ်သော အားကစား ကွင်း၊ အားကစားရုံများကိုဌာနမှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီစီစဉ်ဆောင်ရွက်ပေးခြင်း၊

 

(၅) လူထုအားကစားနှင့်ပညာပေးဌာနခွဲ တာဝန်

၁။ နိုင်ငံတော်အစိုးရ၏ အားကစားမူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို အမျိုးသားရေး လူထု လှုပ်ရှားမှု အသွင်ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ခြင်း၊

၂။ လူတစုအားကစားမှ လူထုအားကစားသို့ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်/ တိုင်း/မြို့နယ်အနှံလူထုအားကစား လုပ်ငန်းများကိုတိုးချဲ့ ဆောင်ရွက်ခြင်း၊ လူထုအားကစား လှုပ်ရှားမှုများကို တစ်နှစ်ပတ်လုံး ရာသီအ လိုက်၊ ဒေသအလိုက်အစီအစဉ်များရေးဆွဲ၍ဆောင်ရွက်ခြင်း၊

၃။ အားကစားဝါသနာရှင်များ၊ လူငယ်များမိမိတို့ဝါသနာပါသော အားကစားနည်းများအတွက် အခြေခံနည်း စနစ်များကိုစနစ်တကျတတ်မြောက်စေရန်၊ အားကစား နည်းများအလိုက်နွေ၊ မိုး၊ ဆောင်းရာသီ အားကစားသင်တန်းများဖွင့်လှစ်သင်ကြား ပေးခြင်း၊

၄။ အားကစားဝါသနာရှင်များ၊ အားကစားသမားများ၊ အားကစားနည်းပညာဆိုင်ရာများကို သိရှိနားလည် တတ်ကျွမ်းစေရေးအတွက် အားကစားပညာပေးစာစောင်များထုတ်ဝေခြင်း၊ အားကစားပညာပေး ဟောပြော ခြင်းများနှင့်စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း၊

၅။ ပြည်နယ်/တိုင်း/ မြို့နယ်၊ကျေးရွာ၊ရပ်ကွက်အလိုက်သမားရိုးကျမဟုတ်သောအားကစားပြိုင်ပွဲများ၊ ဒေသ ဆိုင်ရာပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းဖြင့်မီးခဲပြာဖုံး အားကစားသမားများ ဖေါ်ထုတ်ပေးရန် အစီအစဉ် ချမှတ် ဆောင်ရွက်ခြင်း၊

 

(၆) အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၏လုပ်ငန်းတာဝန်များ

၁။ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သက်ဆိုင်ရာတက္ကသိုလ်/ ကောလိပ် အခြေခံပညာအဆင့်ကျောင်းများတွင်အားကစားပညာပေးဟောပြောပို့ချခြင်း၊

၂။ တက္ကသိုလ်/ကောလိပ်၊အခြေခံပညာကျောင်းများ၌ အခြေခံနှင့်ခေတ်မီ အားကစားနည်းများ အားလေ့ကျင့် သင်ကြားပေးရေးအတွက် အားကစားနည်းပြများတွဲဖက်ပေး၍ လေ့ကျင့်သင်ကြားပေးခြင်း၊

၃။ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပရာတွင် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

၄။ အားကစားနှင့်ကာယပညာသိပ္ပံများတွင် ကာယဆရာ/ဆရာမများ နည်းပြဆရာမွမ်းမံသင်တန်းဖွင့်လှစ် ရေးညှိနှိုင်းဆောင်ရွက်ခြင်း၊

၅။ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများသို့ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ရေးညှိနှိုင်းဆောင်ရွက်ခြင်း၊

၆။ အခြေခံပညာဦးစီးဌာနနှင့်အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိကျောင်းသူ/ ကျောင်းသားများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ၊ ဗလ(၅)တန်နှင့် ပြီးပြည့်စုံပြီး ကျန်းမာ ကြံ့ခိုင်၍ ပညာရည် မြင့်မားသည့် လူငယ်/ လူရွယ်များဖြစ်လာစေရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊

၇။ တက္ကသိုလ်/ကောလိပ်၊ အခြေခံပညာကျောင်းများတွင် အခြေခံနှင့်ခေတ်မီ အားကစားနည်းစနစ်များ လေ့ကျင့်သင်ကြားနိုင်ရေးအတွက် အားကစားအရာရှိများတွဲဖက်၍ လေ့ကျင့်သင်ကြားပေးခြင်း၊

 

(၇) အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၏တာဝန်

၁။ အားကစားသမားများ၊ အားကစားဝါသနာရှင်များ၊ လူငယ်များအား၊ အားကစားဆေးပညာ ဗဟုသုတ ပြန့်ပွားရေးအတွက် အားကစားဆေးဘက်ဆိုင်ရာကိစ္စများအားပြောကြားပို့ချခြင်း၊

၂။ အားကစားသမားများစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း။

၃။ အားကစားသမားများကျွေးမွေးသည့် အစားအစာများ အာဟာရပြည့်ဝမှု ရှိ/ မရှိ စမ်းသပ်စစ်ဆေး အကြံပြုခြင်း၊

၄။ အားကစားသုတေသန စာကြည့်တိုက်ဖြစ်ပေါ်လာရေးအတွက်ဆောင်ရွက်ခြင်း။

၅။ အားကစားသုတေသနလက်စွဲစာအုပ်များထုတ်ဝေခြင်း၊

၆။ အားကစားသမားများ၏ ဖြစ်စဉ်စည်းကမ်းချက်မှန်ကန်ရေးအတွက် လေ့ကျင့်ရေး အစီအစဉ်များနှင့် ဆီလျော်မှုရှိ / မရှိအကြံပြုတင်ပြခြင်း၊

၇။ နိုင်ငံတကာအဆင့်မီ နည်းပြများ၊ ဒိုင်များ၊ ဂျူရီများ ပေါ်ထွက်လာစေရေးအတွက် လေ့ကျင့်သင်ကြား ပေးရေးဆောင်ရွက်ခြင်း၊

၈။ နိုင်ငံတကာခေတ်မီ အားကစားနည်းစနစ်များအား အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရေး ဆောင်ရွက်ခြင်း၊

၉။ နိုင်ငံတကာအားကစားအဖွဲ့အစည်းများနှင့် ရင်းနှီးစွာဆက်ဆံ၍ ခေတ်မီအားကစား နည်းစနစ်များရရှိ ရေးနှင့် အသုံးချနိုင်ရေးဆောင်ရွက်ခြင်း၊

 

(၈) အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ တာဝန်

၁။ ဦးစီးဌာနအားလုံးအတွက် နှစ်စဉ်ကုန်ကျမည့် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းနှင့် ငွေလိုအပ်ချက်များ ကိုစာရင်းပြုစုတင်ပြခြင်း၊

၂။ အားကစားသမားများ၊ အားကစားသင်တန်းသားများ၊ ဝန်ထမ်းများနှင့် မိသားစုများ၏ကျန်းမာရေး အတွက်ဆေးကုသပေးခြင်း၊

၃။ ပြည်တွင်း/ ပြည်ပအားကစားပြိုင်ပွဲများအတွက် ဆေးအထောက်အကူပြုအဖွဲ့များ လိုက်ပါရန် လိုအပ်ပါက  ဆေးဝန်ထမ်းများ လိုက်ပါဆောင်ရွက်ရေးစီမံပေးခြင်း၊

၄။ ဦးစီးဌာနမှကျင်းပသည့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များကြီးမှူး ကျင်းပသည့် အားကစားပြိုင်ပွဲများတွင်ဆေးအထောက်အကူပြုအဖွဲ့ (MedicalCover) တာဝန်ခွဲဝေချထားခြင်း၊

၅။ အားကစားလေ့ကျင့်ရေးစခန်း ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ဆေးဖြန်း/ ဆေးမှုတ်လုပ်ငန်း များ၊ သောက်သုံးရေးဓါတ်ခွဲခန်း စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ် ကျွေးမွေးမည့်ဝန်ထမ်းများအား စစ်ဆေးခြင်း၊

၆။ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား ပုံမှန်ဆေးကုသခြင်း၊ အထူးကု ဆရာဝန် ကြီးများနှင့်ပြသပေးခြင်း၊

၇။ အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရေးအတွက်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

၈။ အားကစားသမားများအား အချိန်တိုအတွင်း ပျောက်ကင်းအောင်ကုသပြီး အားကစားအမြန်ပြန်လည် ကစားစေနိုင်ရေးဆောင်ရွက်ခြင်း၊

၉။ လက်ထောက်ဆရာဝန်များ၊ ဆေးဘက်ဝန်ထမ်းများကို အခါအားလျော်စွာပြည်တွင်း၊ ပြည်ပတွင် ဖွင့်လှစ်သည့် သင်တန်းများ တက်ရောက်ခွင့်ရရှိရေးဆောင်ရွက်ခြင်း၊

၁၀။ အားကစားသမားများ အားကစားဝါသနာရှင်များ၊ လူငယ်များအား အားကစားဆေးပညာများ ဗဟု သုတ ပြန့်ပွားရေးဆောင်ရွက်ခြင်း၊

၁၁။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနများနှင့်ညှိနှိုင်းပြီး အားကစားဆေးသုတေသနလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ခြင်း၊

၁၂။ တားမြစ်ဆေးဝါးသုံးစွဲမှုရှိ/ မရှိစမ်းသပ်စစ်ဆေးခြင်း၊

၁၃။ လက်ရွေးစင်အားကစားသမားများအားအပြီးသတ်ရွေးချယ်မှုပြီးလျှင် Doping ပုံစံများ၌ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊

၁၄။ အားကစားဆေးပညာဆိုင်ရာလေ့ကျင့်ပညာပေးမှုများနှင့်အမျိုးသားအဆင့်အားကစားဆေးပညာ ဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊

 

(၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊  ၁၄) အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/ မန္တလေး/ မော်လမြိုင်/ တောင်ကြီး/ မုံရွာ/ လွိုင်ကော်) ဌာနခွဲ ၏လုပ်ငန်းတာဝန်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီလိုအပ်သောအားကစားသင်တန်းများကိုဖွင့်လှစ်သင်ကြားခြင်း၊

၂။ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့်အားကစားအရာရှိသင်တန်း၊အားကစားနည်းပြသင်တန်း၊ အားကစားနည်းစနစ်မှူးသင်တန်းများကိုဖွင့်လှစ်သင်ကြားခြင်း၊

၃။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ကူညီမှုဖြင့်အခါအားလျော်စွာဖွင့်လှစ်မည့်အားကစား ခေါင်းဆောင်မှုသင်တန်း၊ အားကစားနည်းပြသင်တန်းများအတွက်စီစဉ်ဆောင်ရွက်ခြင်း၊

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏အားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးအတွက်နည်းစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်သည့်နည်းပြဆရာများ၊အားကစားခေါင်းဆောင်များ၊မွေးထုတ်ပေးခြင်း၊

၅။ မြန်မာ့လက်ရွေးစင်အားကစားသမားများနေရာတွင်သွေးသစ်လောင်းနိုင်ရန်လူငယ်အားကစားသမားများစဉ်ဆက်မပြတ် ပေါ်ထွက်နိုင်ရန်အတွက်အထောက်အကူပြုနိုင်ရန်ဆောင်ရွက်ခြင်း၊

 

back to top Eng