skip to content

ပဲခူး နိုဝင်ဘာ ၂၂ရက်။

ပဲခူးမြို့နယ်ပိုက်ကျော်ခြင်းအားကစားကဏ္ဍ အဆင့်အတန်းတိုးတက်မြင့်မားပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သည့် မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ(၂၂)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တတိယနေရာလုပွဲစဉ်အဖြစ် ဇိုင်း/တောင်(က)ကလပ်အသင်းနှင့် ခိုင်ဦးကလပ်အသင်းတို့ကလည်းကောင်း၊ ပထမဗိုလ်လုပွဲစဉ်အဖြစ် စည်တီးကလပ်အသင်းနှင့် မဟာမြိုင်ကလပ်အသင်းတို့ကလည်းကောင်း အသီးသီးယှဉ်ကစားကြရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးကြသည်။

ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်မှ ‌ပိုက်ကျော်ခြင်းလုံးများထောက်ပံ့ပေးအပ်ပြီး နောက်ထိန်း၊ ပင့်ထောက်၊ ရိုက်ခုပ် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား မြို့နယ်အားကစားမှူးဦးဝင်းကျော်နှင့် တာဝန်ရှိသူများက ငွေသားဆုငွေနှင့် ဆုတံဆိပ်များပေးအပ်ကြသည်။

ယင်းနောက် တတိယဆုရရှိသော ခိုင်ဦးကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်းကျပ်ကို ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းကလည်းကောင်း၊ ဒုတိယရရှိသော မဟာမြိုင်ကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၃)သိန်းကျပ်ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေကလည်းကောင်း၊ ပထမဆုရရှိသော စည်တီးကလပ်အသင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်ကလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ကြပြီး ပထမဆုရရှိသော စည်တီးကလပ် အသင်းအား ပဲခူးမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပဲခူးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာလ(၂၀)ရက်နေ့ (၂၂)ရက်နေ့အထိ (က)အုပ်စုနှင့် (ခ)အုပ်စုခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲကလပ်အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

 


back to top Eng