skip to content
 
(၁၂.၁၁..၂၀၂၀)ရက်နေ့တွင် ပဲခူးမြို့တိုင်းအားကစားခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံဖြင့်ဝယ်ယူထားသည့် တိုင်း/ခရိုင်/မြို့နယ်အား/ကာကော်မတီများနှင့်အားကစားကလပ်များအတွက်သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ.အားကစားအထောက်အကူပြုပစ္စည်းများလေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးအားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများ တိုင်းအားကစားနှင့်ကာယပညာကော်မတီဝင်များ တိုင်း/ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံများတက်ရောက်ခဲ့ပါသည်။
 
 
ပထမဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပစ္စည်းဝယ်ယူရေးနှင့်ပတ်သက်၍ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာကော်မတီများအတွက်အားကစားပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးမှလည်းကောင်း. အားကစားကလပ်များနှင့်သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ. အားကစားအထောက်အကူပြုပစ္စည်းများ. လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးအားကစားပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်းကောင်း ပေးအပ်ခဲ့ပြီးတိုင်းအားကစားနှင့်ကာယပညာကော်မတီဝင်တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားကာတက်ရောက်လာသူများမှားကစားပစ္စည်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

back to top Eng