၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၀ရက်
မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် (၈.၁၂.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လမ်းသွား လမ်းလာ ပြည်သူများအား MASK များ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျောင်းသူလေးများမှ Fitness Dance အကများဖြင့်သရုပ်ပြကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။