ပင်းတယ၊ မေ ၁၅
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အမျိုးသားအဆင့် ဘောလုံးအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဓနုကိုယ်ပိုငအုပ်ချုပ်ခွင့်ရေဒေသ အမျိုးသားဘောလုံးအသင်း U-21 အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းက ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် သန့်ရှင်းစွာယှဉ်ပြိုင်၍ ဒေသဂုဏ်သက္ခာမြင့်တင်ရန် မှာကြားခဲ့ပြီး ဘောလုံးအသင်းU-21 အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်သည်။
မေ ၁၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အမျိုးသားအဆင့်ဘောလုံး အားကစားပြိုင်ပွဲသို့ နည်းပြ ၃ ဦးခေါင်းဆောင်၍ ပင်းတယနှင့်ရွာငံမြို့နယ်တို့မှ ဒေသခံအားကစားသမား ၁၈ ဦးတို့က သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။