တောင်ကြီးမြို့၊နိုဝင်ဘာ ၈ ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ပါအချက်များထဲမှ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများသည် အားကစားခေါင်းစဉ်အောက်တွင် တည်ရှိ၍ အများပြည်သူများထက်စာလျှင် ကျန်းမာရေးပိုမိုကောင်းမွန်စေရေး ၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန် ၊ မိမိတို့၏ အသက်အရွယ် အပိုင်းအခြားအလိုက် မိမိနှင့် သင့်တော်မည်ထင်သော အားကစားနည်း တစ်ရပ်ရပ်ကို ကစားစေခြင်းနှင့် ဝန်ထမ်းများအားလုံးသည် အချိန်ပြည့်မကစားနိုင်သဖြင့် သာမာန်ရုံးဆင်းချိန်ထက် မိနစ်( ၃၀ ) သို့မဟုတ် မိနစ်( ၂၀ )ခန့်အချိန်ယူပြီး သင့်တော်သည့်နေရာများတွင် အားကစားပြုလုပ်စေခြင်းကို ရည်ရွယ်၍ ယနေ့ညနေပိုင်းတွင် တတိယအကြိမ်အဖြစ် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောပြည်နယ် / ခရိုင် / မြို့နယ် များရှိအရာထမ်း / အမှုထမ်းများသည် အားကစား၏ အဓိကအချက်ဖြစ်သော '' တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး '' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စုပေါင်းကိုယ်လက်လှုပ်ရှားခြင်း အစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁/၂)ဖြင့် လုပ်ငန်းခွင်အတွင်း၌ ပင်ပန်းသမျှကို အားကစားပြုလုပ်ခြင်းဖြင့် အပန်းဖြေစေခဲ့ကာ လူတစ်စုအားကစားမှ လူထုအားကစားသို့ ဆိုသည့်အတိုင်း ရည်ရွယ်ခဲ့ပါကြောင်း သိရှိရပါသည်။