skip to content

ရန်ကုန်၊  ၂၅   ဇန်နဝါရီ

ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ၌ကျင်းပသည့် Yon Le Hui Club Open ဖိတ်ခေါ်  8 Ball ပြိုင်ပွဲတွင်  မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (အားတီ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးအဆင့်မှ စတင်ကစားရပြီး ပြိုင်ပွဲတစ်လျှောက် လက်စွမ်းပြကာ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတစ်လျှောက် တရုတ်ကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်လုပွဲတွင် ကောင်ကျန်ဝူကို ၁၁- ပွဲဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သောကြောင့် ဆုကြေးအဖြစ်  မြန်မာငွေ ကျပ်သိန်း ၆၀ နှင့်ညီမျှသည့် ပမာဏာရရှိခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယခုလအတွင်း ပြိုင်ပွဲသုံးခုယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲနှစ်ခု၌ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ရရှိသည့် ချန်ပီယံဆုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ


back to top Eng