skip to content
နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်
 
မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက်ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် (၂၃.၁.၂၀၂၁ )ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ဦးစီး၍ ဘုတ်ပြင်းမြို့နယ်၊ မြိတ်မြို့နယ်၊ ကော့သောင်းမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ထားဝယ်မြို့နယ်၊ (၂၂.၁.၂၀၂၁)ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ် တိုင်း/ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်းသူ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား MASK များ အခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးကြေညာခြင်းများကို လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
 
 
 

back to top Eng