၂၀၂၀ ပြည်နှစ်၊ ဒီဇင်ဘာလ(၁၁)ရက်
မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်စီခန့်နှင့်ပြန်ဆက်ပူပေါင်း၍ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သရုပ်ပြကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်းများကို (၉.၁၂.၂၀၂၀)ရက်နေ့တွင် မြို့မဈေး၌ Fitness Dance သရုပ်ပြပြုလုပ်ခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများပြုလုပ်ခဲ့သည်။
မုံရွာခရိုင်၊ မုံရွာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ပြည်သူအားကစားကွင်းနှင့်ကုတင်(၇၀၀)ဆေးရုံရှေ့ လမ်းသွားလမ်းလာပြည်သူများအား maskများအခမဲ့ ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်းများကို (၁၀.၁၂.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။