skip to content

နေပြည်တော်/ဧပြီလ(၁၈)ရက်။         ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ လျက် ဧပြီလ(၁၆)ရက်၊ ဧပြီလ(၁၇)ရက်နှင့် ဧပြီလ(၁၈)ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီဌာနအောက်ရှိ  အားကစားကွင်း/အားကစားရုံများ တည်ဆောက် ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဧပြီလ(၁၆)ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိလာပြီး မြို့နယ်အားကစားကွင်းကို ကြည့်ရှု စစ်ဆေးပြီး ဘောလုံးကွင်း စိမ်းလန်းစိုပြေရေး၊ ရေလုံလောက်စွာ ရရှိရေးအတွက် အဝီစိတွင်း(၉၀၀') တူးခြင်းလုပ်ငန်းများ၊ ရေဂါလံ(၃၂၀၀)ဆံ့ အမြင့်(၃၀') ရေစဉ် တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဘောလုံးကွင်း အရှေ့ဘက်အုတ်တံတိုင်းပေ(၆၀၀)ပြုလုပ်ခြင်းလုပ်ငန်းများ၊ အရှည်(၃၀၀') အမြင့်ပေ(၇') ရှိ မြေထိန်းနံရံ ပြုလုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧပြီလ(၁၇)ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိ လာပြီး ရွှေမန်းတောင် အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး နေအိမ် တည်ဆောက်နေမလုပ်ငန်းများ၊ အားကစားသမားများအိပ်ဆောင်(၄)ထပ်နှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှု လုပ်ငန်းများ၊ ဗထူးအားကစားကွင်း ပြန်လည် ပြုပြင်မွမ်းမံထားရှိမှု စိမ်းလန်းဆိုပြေ သန့်ရှင်းသာယာလှပမှု အခြေအနေများ ၊ ကာယဗလနှင့် ကာယအလှ အားကစားရုံ တည်ဆောက်နေမှု လုပ်ငန်းများ၊ မန္တလေး (အားကစားနှင့် ကာယပညာသိပ္ပံကျောင်း) (၁၀)ခန်းတွဲ ဝန်ထမ်းအိမ်ယာ(၃)ထပ် တည်ဆောက်မည့် မြေနေရာများ၊ ရေဂါလံ (၂၀၀၀)ဆံ့ Ground Tank တည်ဆောက်နေမှု လုပ်ငန်းများ၊ စက်ရေတွင်း ၄'(၁၃.၅) PVC ပေ (၅၀၀) တူးဖော်နေသောလုပ်ငန်းများ ၊ မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်း မြက်ခင်းအား Spinkler ဖြင့် ရေဖြန်းတပ်ဆင်ခြင်း လုပ်ငန်းများနှင့် ပုသိမ်ကြီး မြို့နယ်ဘောလုံး အားကစား ကွင်းနှင့် မြို့နယ်အားကစားခန်းမတို့ကို အသီးသီး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးမြို့နယ် ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး (၄)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ယာ တည်ဆောက် ပြီးစီးမှုလုပ်ငန်းများ၊ (၄)ခန်းတွဲ အများသုံးသန့်စင်ခန်း(၂) တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မြို့နယ်တွင်း အားကစားပြိုင်ပွဲများ၊ မြို့နယ်ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့သို့ရောက်ရှိလာကာ ပြင်ဦးလွင် အားကစား လေ့ကျင့်ရေးစခန်းရှိ ခရိုင်အားကစားကွင်းကို ကြည့်ရှုစစ်ဆေး၍ ပွဲကြည့်စင် တည်ဆောက်နေမှု၊ အားကစားနည်းအလိုက် လေ့ကျင့်ရန် လျာထားသော အားကစားရုံများ ခန်းမများကို ကြည့်ရှုစစ်ဆေးခြင်း၊ အားကစားသမားများ ကျွေးမွေး စားသောက်ရန်အတွက် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ ပြင်ဦးလွင်မြို့နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးခြင်းတို့ကို အသီးသီးပြုလုပ်ကာ တာဝန်ရှိသူများကို လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနေရှင်နယ်လိဒ် ရတနာပုံယူနိုက်တက်ကလပ် ဘောလုံးအသင်းမှ ငှားရမ်းပြီး ပြန်လည်အပ်နှံထားသော မန္တလေး အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာဘောလုံးကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအား ပြန်လည် ပြုပြင်မွမ်းမံရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 


back to top Eng