skip to content

 

နေပြည်တော်၊ မေလ(၈)ရက်။              

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိရာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာအားကစားအဖွဲ့များအား ယနေ့ နံနက် (၈)နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှု အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

ရှေ့ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ကွင်းအမှတ်(၃)၌ လေ့ကျင့်နေလျက်ရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသမီး ဘောလုံးအသင်း လေ့ကျင့်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာနအသင်းအနေနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသို့  ပံ့ပိုးပူးပေါင်းဆောင်ရွက်ရမည့် အားကစားသမားများ အခြေအနေ လေ့ကျင့်ရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရမည့်အ‌ခြေ အနေများကို မေးမြန်း၍ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘိလိယက်အားကစားရုံ၌ ပဏာမမြန်မာ့လက်ရွေးစင် (9 Ball) အားကစားသမားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိပိုက်ကျော်ခြင်း အားကစားရုံတွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင် မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ တိုးတက်မှု အခြေအနေ အားကစားနည်းအလိုက် ရွေးချယ်ထားသော အားကစားသမားများ စုံလင်စွာ ပူးပေါင်းလေ့ကျင့်နိုင်မှု အ‌ခြေအနေ၊ အားကစားနည်းအလိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် (Event)များ ရွေးချယ်ထားရှိမှု အခြေအနေ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ထပ်မံပံ့ပိုးပေးရန် လိုအပ်သည့်အခြေအနေများကို မေးမြန်းကာ တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (Fitness Center) GYM ခန်းမ၌ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်လျက်ရှိသော ဝူရှူး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ် အားကစားနည်းများမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အားကစားနည်းအလိုက် အားကစားသမားများ၏ လစဉ်အလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှုစွမ်းရည် တိုးတက်လာစေရေး၊ ပြိုင်ပွဲဝင်ကာလအမှီ အားကစားနည်းအလိုက် လုံလောက်သော ကြံ့ခိုင်မှုရရှိစေရေး၊ စနစ်တကျကြပ်မတ် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရေး၊ အားကစားနည်းအလိုက် စက်ကိရိယာပစ္စည်းများနှင့် ထိထိရောက်ရောက်အသုံးပြုလေ့ကျင့်နိုင်စေရေး၊ ကြံ့ခိုင်မှု (GYM) နိုင်ငံခြားနည်းပြအချိန်မှီ ဌားရမ်းနိုင်ရေး ကိစ္စများလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေးအားကစားကွင်းသို့ ရောက်ရှိလာပြီး မြန်မာ့လက်ရွေးစင်ပီတန်း အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် အားကစားသမားများအားကြိုးစားအားထုတ်မှုအပြင် စိတ်ပိုင်းဆိုင်ရာ အာရုံ တည်ငြိမ်မှု ရရှိစေရေး ပိုမိုဂရုစိုက်လေ့ကျင့်ရန် တိုက်တွန်းမှာကြား အားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာသို့ ရောက်ရှိပြီး မြန်မာ့လက်ရွေးစင် အားကစားသမားများအား ကျွေးမွေးရန်အတွက် ချက်ပြုတ်စီမံ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည့်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Multipurpose)ခန်းမ၌ ပြေးခုန်ပစ်၊ ဝူရှူး၊ အလေးမအားကစားသမားများ ခေါ်ယူတွေ့ဆုံ၍ ပြိုင်ပွဲအောင်မြင်မှုရရှိစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ထားရှိမှု အခြေအနေ၊ အောင်မြင်မှုကို ရလာပါက နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်မည့်အခြေအနေများ ရှင်းလင်းပြောကြားကာ အားကစားနည်း အလိုက် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ၊ လိုအပ်မှု မရှိစေရေး တာတန်ရှိသူများကို မေးမြန်းကာ ပံ့ပိုးဆောင်ရွက်ပေးပြီး အားကစားသမားများ စိတ်ဓာတ်ခွန်အားမြှင့်တင် အားပေးစကား ပြောကြားခဲ့ပါသည်။

            


back to top Eng