skip to content

နေပြည်တော်၊အောက်တိုဘာလ(၉)ရက်။     

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနများမှ ဘဏ္ဍာရေး ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုနည်းပြများ ပေါ်ထွန်းလာစေရေး၊ လူငယ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစား ကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့်ကဏ္ဍအလိုက် ရှေ့လာမည့် (၅)နှစ် အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက် ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပါသည်။

 

အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးဘက်မှ Covid-19 Second Wave တွင် ကုသရေး၊ တိုက်ဖျက်ရေးနှင့် သေဆုံးမှုနှုန်း လျော့ကျရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အားကစားဘက်မှ ကုသရေးအပိုင်းတွင် မပါဝင်နိုင်သော်လည်း ကာကွယ်ရေးဘက်တွင် ပြည်သူလူထု၏ (Immunity) ကိုယ်ခံအားကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပညာပေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို တွေ့ရှိနေပါကြောင်း၊ ထိုကဲ့သို့ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Covid-19 ရောဂါ ကာကွယ်ကုသတိုက်ဖျက်ခြင်းကို ထိရောက်စွာပြုလုပ်ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးမှ ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး၊ တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အားကစားအခြေခံ/အဆင့်မြင့် သင်တန်းများ၊ နည်းပြ/ဒိုင်သင်တန်းများ ဖွင့်လှစ်မည့်ဆိုင်ရာကိစ္စရပ်များ၊  အားကစားကွင်း/ရုံ ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ မြေနေရာရရှိမှုပေါ်မူတည်၍ အားကစားကွင်းများ ဖော်ထုတ်နိုင်ရေး ကိစ္စရပ်များ၊ OUTDOOR FITNESS တပ်ဆင်ထားရှိမှုဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ သို့ဝင်ရောက်ယှဉ်ပြိုင် လေ့ကျင့်နိုင်ရေးဆိုင်ရာကိစ္စရပ် များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်မှု ဆိုင်ရာ ကိစ္စရပ်များ၊ (MYANMAR FITNESS DANCE) ကိုအခြေခံ၍ လူထုအားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ Covid-19ကာလအလွန်တွင် အားကစား ကလပ်များ တိုးတက်‌ရေးနှင့် ပေါ်ထွက်ရေးအတွက် အထူးကိစ္စအနေဖြင့် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ စီမံကိန်းကာလအတွင်း ကဏ္ဍအလိုက် ဆောင်ရွက်မည့် လျာထားချက် အစီအမံများ၊ အားကစားနည်းအလိုက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု လျာထားအစီအမံများ၊ နည်းပြ/ဒိုင်သင်တန်း၊ မွမ်းမံသင်တန်း၊ အဆင့်မြင့်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မည့် အစီအမံများ၊ အားကစားကွင်း/ရုံ၊ ရုံး၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်လျာထားအစီအမံများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများကျင်းပ မည့်လျာထားအစီအမံများ၊ ဘဏ္ဍရေးဆိုင်ရာ လျာထားမှု အစီအမံများအား သက်ဆိုင်ရာနှစ် အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။

 

ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ဝန်ထမ်းဖွဲ့စည်းပုံ ဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ Outdoor fitness ဆိုင်ရာ ကိစ္စရပ်များ၊ နည်းပြ/ဒိုင် သင်တန်းများ ဖွင့်လှစ်ထားရှိမှု ဆိုင်ရာကိစ္စရပ်များ၊ လူထုအားကစားတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊EXERCISE IS MEDICINE အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုဆိုင်ရာကိစ္စရပ်များ၊ အားကစားရင်ပြင်ဖော်ထုတ် ဆောင်ရွက်နိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အားကစားအခြေခံ အဆင့်မြင့်သင်တန်းဖွင့်လှစ်နိုင်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ အားကစားလေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်တည်ဆောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာများတွင် အားကစားကွင်းများ ဖော်ထုတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကလပ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် ပညာရေးဌာနနှင့်ပေါင်းစပ်၍ အားကစားပွဲများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် လေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများနှင့် အဖွဲ့ချုပ်များသို့ အရည်အချင်း ပြည့်ဝသော အားကစားသမားများ ရှာဖွေပို့ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင် တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ် အလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်မှ  ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက် မည့် အစီအမံများဖြစ်သော ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးဆိုင်ရာ အစီအမံများ၊ နည်းပြ/ ဒိုင်သင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ အစီအမံများ၊ အားကစားကလပ်များနှင့် သက်ဆိုင်သည့် ကိစ္စများ၊  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ အားကစားပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ် ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူထုအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (MYANMAR FITNESS DANCE) နှင့် (EXERCISE IS MEDICINE)ဆိုင်ရာ ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်ကောလိပ်ကျောင်းများ၊ စက်ရုံ/အလုပ်ရုံများတွင် ဆောင်ရွက်မည့် အားကစားဆိုင်ရာသင်တန်းများအသိပညာပေးခြင်း၊ သရုပ်ပြခြင်းဆိုင်ရာ အစီအမံများ၊ အားကစားကွင်း/ရုံ ဝန်ထမ်းအိမ်ရာအဆောက်အဦးများ တိုးချဲ့မြှင့်တင် ပြုပြင်ဆောင်ရွက်နိုင်ရေးဆိုင်ရာ အစီအမံများ၊ ရပ်ကွက်ကျေးရွာများ၏ မြေနေရာ ရရှိမှုပေါ် မူတည်၍ အားကစားကွင်းများ ဖော်ထုတ်နိုင်ရေးဆိုင်ရာ အစီအမံများ၊ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကြိုတင်စခန်းသွင်း လေ့ကျင့်မည့် အစီအမံများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များသို့ အရည်အချင်းမီသော အားကစားသမားများ ရရှိနိုင်ရေးဆိုင်ရာ ဆောင်ရွက်မည့်အစီအမံများ၊ ဝန်ထမ်းများ စည်းကမ်း ပြည့်ဝပြီး အရည်အချင်းမြှင့်တင်ရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်းဆိုင်ရာ အစီအမံများ၊ အားကစားမှူးများ၏ ဘဝနောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့လာမည့်(၅)နှစ်အတွင်း အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကွင်း/ရုံ ဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရှေ့လာမည့် (၅)နှစ်အတွင်း ယခုအားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအမံများ ရေးဆွဲတင်ပြခြင်းဆိုင်ရာ အစည်းအဝေးတွင် တင်ပြချက်များနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ပြန်လည် သုံးသပ်ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတင်ပြခြင်း အစည်းအဝေးကို ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ထိုမှသာ ယခုအားကစား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၏ (Macro Cycle)အဆင့်မှ (Micro Cycle)အဆင့်ထိ အသေးစိတ် တိတိကျကျ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် စောင့်ကြပ်ကြည့်ရှု စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိရောက်ကောင်းမွန်သော ရလဒ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိနေသော (Sports for Hope Programme)များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါ အစီအမံတွင်ပါဝင်သော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ပြည်သူလူထု အတွက် ကျန်းမာကြံ့ခိုင်ပျော်ရွှင်ပြီး စိတ်ဓာတ်မြင့်မားပြီး သက်တန်းစေ့ နေထိုင်နိုင်ရေးဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသများတွင် အားကစားဆိုင်ရာ အဆောက်အဦ၊ကွင်း/ရုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ (Healthy Promotion)အတွက် လိုအပ်သည့် (Physical activity)များ၊ သက်ဆိုင်ရာ အားကစားနည်းအလိုက်( Sports related activity,Skills promoting activity)များကို အွန်လိုင်းပြိုင်ပွဲပုံစံများ ပညာပေးခြင်းဆိုင်ရာ ပုံစံများကို ပိုမိုပြုလုပ်သင့်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ (Power Point) တင်ပြရာတွင် (SPED template)တစ်ခု သတ်မှတ်ရန်လိုအပ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်ဆန်ထိရောက်မှုရှိပြီး ကိုးကားနိုင်မည့် အသိပညာပေး  စာအုပ်များ၊ လက်ကမ်းစာဆောင်များ၊ Videoများကို သက်ဆိုင်ရာ ဌာနခွဲများအနေဖြင့် ဖြန့်ဝေရန်လိုအပ်ပါကြောင်း၊ ပြည်နယ်/တိုင်းများ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ စာကြည့်တိုက်များမှ အားကစား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု ထိရောက်ကောင်းမွန်သော စာအုပ်၊စာတမ်းများကို အချင်းချင်း မျှဝေအကြံပြုစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 


back to top Eng