နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည်ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် အတူ ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် "လူထုအားကစား လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ကာ ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး" သို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကအမှာစကားပြောကြားရာတွင် -
ထို့နောက် Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် -
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းမှ ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ပညာရေးပေါင်းစပ်၍ ကာယပညာသင်ရိုးများ(Physical Fitness) ထည့်သွင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လူထုအားကစားလှုပ်ရှားမှုများကို နိုင်ငံတစ်ဝှမ်းလုံး ပုံမှန်ကျင်းပနိုင်ရေး အကြံပြုချက်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ EIM Myanmar National Technical Committee မှ ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ကော်မတီ၏ (၂၀၁၉) ခုနှစ် ဇွန်လမှ (၂၀၂၀) ခုနှစ် ဇွန်လအထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြခဲ့ပါသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသော Advisory Board for Exercise is Medicine (EIM) Myanmar National Center၏ အဖွဲ့ဝင်များဖြစ်ကြသောပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအားကစားလှုပ်ရှားမှုများကို ပုံမှန်ကျင်းပရန်၊ ဝန်ကြီးဌာနအသီးသီးရှိ ရုံးများတွင် ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်ဆောင်ရွက်ရန်နှင့် ယခု COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းအစီအစဉ်များ၊ လူထုအားကစား လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး၌ ပုံမှန်ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။
အဆိုပါ အစည်းအဝေးသို့ Advisory Board for Exercise is Medicine (EIM) Myanmar National Center ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။