skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။          

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများမှ ပညာရေးတာဝန်ခံကျောင်းအုပ်ကြီးများ၊ အားကစားကွင်း/ရုံတည်ဆောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေ့လာမည့်(၅)နှစ်အတွင်းဆောင်ရွက်မည့် အစီအမံများအား နှစ်ပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူး များ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းအုပ်ကြီးများမှ သင်တန်းသား ကျောင်းသားများအတွက် ပညာရေးဆိုင်ရာဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပညာရေး တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဉ်ကိစ္စရပ်များကို ထိုသို့တင်ပြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာနအဆင့်မှ ကူညီပံပိုးရမည့် ကိစ္စရပ်များကို တင်ပြပေးရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသားများအနေဖြင့် ကျောင်းပြီးဆုံးချိန်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့် လက်တွေ့ဘဝတွင် အဆင်ပြေ နေထိုင်ဆောင်ရွက်နိုင်ရေးတို့ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသားများ ပညာသင်ကြားရေး သင်ရိုးညွှန်းတန်း အချိန်ဇယားနှင့် ပတ်သတ်၍ အားကစားနှင့်ပညာရေးပေါင်းစပ်ကျောင်းမှ တာဝန်ခံပညာရေး ကျောင်းအုပ်ကြီးများမှ (SOP) Guide Line တစ်ခုကို ပေါင်းစပ်ညှိနှိုင်း တင်ပြရန်လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အင်ဂျင်နီယာများအနေဖြင့် အားကစားဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ပြုပြင် ဆောင်ရွက်ရာတွင် ခေတ်စနစ်ကာလဒေသနှင့် ကိုက်ညီမှုရှိပြီး သဘာဝဘေးအန္တရာယ်အခြေအနေ၊ အရေးပေါ် အခြေအနေများတွင် ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အချက်များအား အင်ဂျင်နီယာအမြင်များဖြင့်ပါ ထည့်သွင်းတွက်ချက်စဉ်စားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်ကျောင်းများမှ ပညာရေးတာဝန်ခံကျောင်းအုပ်ကြီး များက တင်ပြရာတွင် ပညာရေးဝန်ထမ်း ဖွဲ့စည်းပုံအင်အားများ၊ စာသင်ဆောင်နှင့်စာသင်ခန်း ဖွဲ့စည်းပုံအခြေအနေများ၊ ဆရာ/ဆရာမအင်အားနှင့် ကျောင်းသားအင်အား အခြေအနေများ၊ ပညာသင်နှစ်အလိုက် အောင်ချက်မြင့်မားရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အချိန်ပိုသင်ကြားမှုနှင့် ပြင်ပတက္ကသိုလ် ပါမောက္ခများခေါ်ယူ၍ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပို့ချမှုဆိုင်ရာများ၊ KG+12 သင်ရိုး ညွှန်းတန်းအသစ်ဖြင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသားများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားများ အားကစားပြိုင်ပွဲများ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ဆရာ/ဆရာမများ အရည်အချင်းနှင့် သင်တန်းသားအရည်အချင်း တိုးတက်မြင့်မားရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပူးတွဲ လေ့ကျင့်ရေး အစီအစဉ်များ သွားရောက် ပြုလုပ်ပြီးချိန်တွင် အစားထိုး သင်ကြားမှုအခြေအနေများ၊ ပညာရေးကျောင်းများမှ စာသင်ချိန်၊ သင်ရိုးညွှန်းတမ်းများနှင့် အားကစားနှင့် ပညာရေး ပေါင်းစပ်ကျောင်းများ၏ စာသင်ချိန်၊ သင်ရိုးညွှန်းတမ်း နှိုင်းယှဉ်ချက်များ၊ စာကြည့်တိုက်၊ Multimedia Class Room၊ ကွန်ပျူတာနှင့် ဆက်စပ်လိုအပ်ချက်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက်များဖြင့် အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း(၁,၂,၃,၄)၊ ရေကူးကန်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A,B,C) တာဝန်ခံအင်ဂျင်နီယာများမှ အားကစားကွင်း/ အားကစားရုံ ဆိုင်ရာ အချက်အလက်များ၊ ဝန်ထမ်းအင်အားနှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုအခြေအနေများ၊ တည်ဆောက်ရေး(ရေ/မီး)ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အကြီးစားပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများအစရှိသည်တို့ကို သက်ဆိုင်ရာအပိုင်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ် ဖြည့်စွက်ပြောကြားရာတွင် ပညာရေးတာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမကြီးများအနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံပြိုင်ပွဲ၊ ပူးတွဲလေ့ကျင့်သင်တန်းများအတွက် Chapter Package၊ Distance Learning အစီအစဉ်များကိုပါ ထည့်သွင်းစဉ်စားသင့်ပါကြောင်း၊ အားကစားပိုင်းဆိုင်ရာတွင်လည်း သင်တန်းသားများအတွက် နွေရာသီ ကျောင်းပိတ်ရက်ရှည်နှင့် အားလပ်ရက်ရှည်များကို လျှော့ချရန်လိုအပ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ပြင်ပမှ ကျွမ်းကျင်သင်ကြားရေး ဆရာများကို ငှားရမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များနှင့် အခြားအဖွဲ့အစည်းများ ဆက်သွယ်၍ ထူးချွန် ကျောင်းသားများအား ပညာသင်ထောက်ပံ့မှု အစီအစဉ် (Scholarship Programme)ပြုလုပ်သင့်ပါကြောင်း၊ စာသင်ခန်းများကို Covid 19 ကာလတွင် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊  IT Room စာကြည့်တိုက်များထားရှိရန်၊ ကျောင်းသားများအတွက် စာဖတ်အလေ့အကျင့်တစ်ခု ပြုစုပျိုးထောင်ရန်လိုအပ်ကြောင်း၊ သင်ကြားတက်ရောက် ပြီးစီးမှု အချိန်တွင် ပညာရေးနှင့်အားကစား အဆင့်သတ်မှတ်ချက် (Credit)ကိုပါ ထည့်သွင်းရန်လိုအပ်ကြောင်း၊ ပညာရေးနှင့် အားကစား (Assessment)နှစ်ခုပေါင်းဖြင့် သတ်မှတ်ချက်ထားရှိရန် လိုအပ်ပါကြောင်း၊ သင်တန်းသားအသစ် ခေါ်ယူရာတွင် ပညာရေးအခြေခံကောင်းမွန်ပြီး  အားကစား ထူးချွန်သူများကို ရွေးချယ်နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအတွက် သင့်လျော်သည့် သင်ရိုးညွှန်းတမ်း (Syllabus) ပြုလုပ်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အားကစားသိပ္ပံကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများ စုပေါင်း၍ ပညာရေးနှင့် ပတ်သက်သည့် (၅)နှစ်တာ plan ရေးဆွဲတင်ပြရန် လိုအပ်ပါကြောင်း အသက်မွေးဝမ်းပညာသင်တန်းကျောင်း(TVET)တစ်ခု ဖြစ်လာစေနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းကျောင်းများတွင်လည်း အားကစား ပညာသင်ကြားနိုင်ရေး ပြုလုပ်သင့်ပါကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အဦးများ အကြီးစား ပြုပြင်မွမ်းမံရန် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများအနေဖြင့် အားကစားကွင်း/အားကစားရုံ၊ အဆောက်အဦးများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားနည်း သတ်မှတ်ချက်နှင့် အမှန်တကယ် ကိုက်ညီမှုရှိခြင်းသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည့်တံ့ခိုင်မြဲမှု (Eco System၊ Pollution၊ Substainable၊ Space Saving Programme Method၊ Energy Comsumption) စနစ်တို့ကိုကြည့် ၍ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် သင့်လျော်ကိုက်ညီ အကျိုးဖြစ်ထွန်းမှုကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများ အနေဖြင့် အဆောက်အဦးဆောက်လုပ်ခြင်းဆိုင်ရာ Creation နှင့်ပတ်သက်၍ အကြံပြုချက်များ ပေးစေလိုကြောင်း လိုအပ်ပါက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း၍ အကြံပြုချက်များ ရယူရန် လိုအပ်ပါကြောင်း၊ အများပြည်သူများအတွက် Healthy and Safety ပတ်ဝန်းကျင်ဖြစ်အောင် ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ (Wages၊ Material၊ Transport Link) များကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်ပါ‌ကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အအုံ ကျင်းပပြုလုပ်ခဲ့သည့် ပွဲစဉ်၊ ပြိုင်ပွဲ အဆင့်အတန်းများကို စနစ်တကျ မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ထိုမှသာ အသုံးပြုမှု အချက်အလက်များကို အခြေခံ၍ အားကစားဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု သုတေသနပြုလုပ်ရာတွင် ပြန်လည် အထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အဦးများ ပြင်ဆင်ပြုလုပ်ရာတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲကြီးများ ကျင်းပပြီးစီးခဲ့သော နိုင်ငံများ၌ အားကစားကွင်း/ရုံ ထိန်သိမ်းပြုပြင် မွမ်းမံခြင်းဆိုင်ရာ နည်းစနစ်များကို လေ့လာသင့်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 


back to top Eng